Main menu

ဝင်းသန်းဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှ ဒု-ဦးစီးမှူး ဒေါ်သူဇာမိုးနှင့် ဝန်ထမ်းများသည် အမှတ် (၇)ရပ်ကွက်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဝင်းသန်းဆန်ဆိုင်သို့ ၉-၂-၂၀၂၆ ရက်နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဝင်းသန်းဆန်လက်လီလက်ကား အရောင်း ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း(‌အသစ်) (၂၄)ပြည် တစ်အိတ် လျှင် (၁၈၅၀၀၀) ကျပ်၊ ဧရာမင်း-ရွှေဘိုဆန်(၂၄)ပြည်တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ ဧရာပဒေ သာ (မကွေး)ဆန် (၂၄)ပြည်တစ်အိတ် လျှင်(၁၇၀၀၀၀)ကျပ်၊ မနောသုခဆန်(၂၄) ပြည် တစ်အိတ် လျှင် (၆၅၀၀၀)ကျပ်နှင့် ဖန်သီးသုခဟောင်း (၂၄) ပြည်တစ်အိတ် လျှင်(၉၅၀၀၀) ကျပ်၊ ရက် (၉၀)ဆန်အသစ် (၂၄) ပြည် တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့်မျှတသော နှုန်းထား များအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အောင်မြရင်ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင် ဆက်လက် မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)