
၁၉.၂.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ဘီးလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော အိမ်သုံးလျှပ်စစ်ပစ္စည်းများရောင်းချကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကိုလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)
