Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သစ္စာဖူး နှင့်ဝန်ထမ်းများသည်( ၂၁.၁၁.၂၀၂၅ )ရက်နေ့၊  နေ့လယ်( ၁၃:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့ပေါ် ရှိ “ဆောင်း” အထည်ဆိုင်အား သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအ ချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း( ၁၇ )ရှိ ကုန်စည်( သို့မဟုတ် )ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

လွိုင်ကော်မြို့အတွင်းရှိ မုန့်ဖိုများသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ( ၂၁ )ရက် နေ့( ၁၃:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့ အတွင်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ် ရောင်းချနေ သော Aung Aung မုန့်ဖိုနှင့် UK မုန့်ဖိုများသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့် ကြည့်စစ်ဆေးရာတွင် Aung Aung မုန့်ဖိုနှင့် UK မုန့်ဖိုများ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့် များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပြည့်စုံမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များ ဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၂၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

     (၂၇-၁၁-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုအပ်ချုပ်ရေးမှူး၊ စည်ပင်(ဈေးများဌာန)တို့နှင့် ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ဆန်အရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်းရှိ/မရှိ အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆန်စပါးသိုလှောင်ရုံများ စစ်ဆေးခြင်း

     (၂၅-၁၁-၂၀၂၅)ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသိန်းထွန်း (ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပါဝင်သော ဆန်စပါးသိုလှောင်ရုံ စစ်ဆေးရေးအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး အပြင်တန်း မင်္ဂလာဆန်ဆိုင်၊ အာဟာရသုခဈေး ဒေါ်သီတာဝင်း ဆန်ဆိုင်၊ ပြူတွင်းအုပ်စု၊ သရက်ကုန်းကျေးရွာ ရွှေဝါဝင်းဆန်စက်နှင့်  ရွှေဝါဝင်းပေါင်းစက် လုပ်ငန်း များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက်အတွင်း အချိန်မီ ထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များအား စာရင်းကောက်ယူ ခဲ့ကြကြောင်း သိရှိရပါသည်။

                                                                                                   

DOCA(ပြည်ထောင်စုနယ်မြေ)

“ ဇေယျာသီရိမြို့နယ် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲ ”

      နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီနာယက၏ လမ်းညွန်ချက်အရ နေပြည်တော်MSME ဥက္ကဋ္ဌမှ အနီးကပ် ကြီးကြပ်၍ ပွင့်လင်းရာသီတွင် MSMEထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် ထုတ်ကုန် အမယ်သစ်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ(၈)မြို့နယ်အတွင်း MSME လူသုံးကုန်နှင့်စားသောက်ကုန်ထုတ်ကုန် အမယ်ပြပွဲပြိုင်ပွဲများ စီစဉ်ကျင်းပနိုင်ရေးဆောင် ရွက် လျက်ရှိရာ (၁၇.၁၁.၂၀၂၅)ရက်နေ့မှ (၁၉.၁၁.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သော “ ဇေယျာသီရိမြို့နယ် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲ ” တွင် (၁၈.၁၁.၂၀၂၅)ရက်နေ့၌ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးဝင်းသွင်(ရုံးအုပ်)သည် ပြိုင်ပွဲဝင်များ၏ ထုတ်ကုန်ပစ္စည်းများသတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဆုရွေးချယ်နိုင်ရေးအတွက် အမှတ်ပေးဒိုင်အဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အ သားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/ မရှိ စစ်ဆေးပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

     ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ဦးစီးမှူးရုံးမှ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည်၂၇.၁၁.၂၀၂၅ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မြစ်ကြီးနားမြို့ရှိ Online Shop လုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃အရအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက်သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eComReg SystemReportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် (27.၁၁.၂၀၂၅) ရက်နေ့ (0:၀၀) အချိန်တွင် မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ စားသုံးသူများအား ရွာသစ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံ () မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန်ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System Report နှင့် ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်းနှင့် တက်ရောက်လာသော စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

                                                

အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည်(.၁၁.၂၀၂၅)  ရက်နေ့(:၀၀) အချိန်တွင် မိုးညှင်းမြို့၊ စိမ်းရတနာမွန်(တောင်)ရပ်ကွက်ရှိ အီလက်ထရောနစ်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး  လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော   ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း  လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့် စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်းစသည့်အချက်များ၊ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မြင်းခြံမြို့တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်း

                ၁၉-၁၁-၂၀၂၅ ရက်နေ့ နံနက် (၀၈ : ၃၀) အချိန်တွင် ၊ မြင်းခြံမြို့ပေါ်ရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ အပင်အားဖြည့်ဆေးများနှင့်စိုက်ပျိုးရေး ဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး ၊ ရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံ စွာပါရှိသော ကုန်ပစ္စည်း များရောင်းချစေရေး ၊ သက်တမ်းကျော်လွင်နေသောပစ္စည်းများ ရောင်းချမှု မရှိစေရေးနှင့် ဓါတ်မြေ ဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများထပ်ဆောင်း၍ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် တောင်သူကိုပြန်လည်ရောင်းချစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြင်းခြံခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများက စစ်ဆေးကြပ်မှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)       

                                     

EC Bakery (ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦးသည် ၂၆.၁၁.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ EC Bakery (ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ EC Bakery အမှတ်တံဆိပ်ပါ နို့မလိုင် သည် အသင့်စားမုန့် အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိ သော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ