Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင်အရန်သင့်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် အရန်သင့်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ မုဒုံမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား လည်းကောင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဌ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာ မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

     ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၆) ဦးနှင့် အတူ ကျောင်းသား၊ ကျောင်းသူ (၇၁) ဦး စုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  (၁၀.၁၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများ အပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာ ရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက် ပေးနိုင် သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ် ပေးရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေး ယင်းအသင်း အဖွဲ့များ အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ရှိ သော ကုန်စည်၊ ဝန်ဆောင်မှုများကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများ ဆောင်ရွက်ပေးရန်တို့ကို အများပြည်သူသိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (Talk Show) ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်ရှိ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းအား ကွင်ဆင်းအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၁.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁)ရပ်ကွက်၊ စံပယ်လမ်းရှိ “ဂေါတမီ”ဒိန်ချဉ် နို့နှင့် နို့ထွက်ပစ္စည်း ထုပ်ပိုးထုတ်လုပ်သော လုပ်ငန်း အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေ‌ရေး အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။

   ထိုသို့ အသိပညာပေးရာတွင် စားသောက်ကုန်များနှင့်ပတ်သက်သည့် ဥပဒေ၊ အမိန့်နှင့် ညွှန် ကြားချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေ‌ရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်၊ တလုပ်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တလုပ်ပင်ကျေးရွာရှိ အခြေခံ ပညာမူလတန်း လွန်ကျောင်း၊ တန်းစီကွင်း၌ ဆရာ/ ဆရာမ (၁၂)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးတို့အား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကုန်အညွှန်း အမှတ် အသားဆိုင်ရာသိကောင်းစရာများ အကြောင်းအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က သဘာဝမီးဘေးအန္တရာယ် ကျရောက်ခဲ့ပါက မည်ကဲ့သို့ ကာကွယ်လုပ်ဆောင်ကြရမည့်အကြောင်း ကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်း ဆေးမှူး ဒေါ်ခင်မေဦးက အရိုးကျမ်းမာသန်စွမ်းရေးအတွက် မည်သည့်အသီးအနှံများ စားသုံးသင့်ကြောင်းကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒေါ်ခင်မျိုးဆွေက အားကစားနှင့် လူငယ်များ၏ အရေးပါပုံအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား MyRO ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး အနေဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၉.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချောက်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ MyRO ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးဆောင်ရွက်ရေး၊ စပါးတင်း(၂၅၀၀)နှင့်အထက်၊ ဆန်အိတ်(၅၀၀)နှင့်အထက် ဆန်သိုလှောင်ရုံများ ဆန်စက်ပိုင်ရှင်များ MyROတွင် သိုလှောင်ခွင် မှတ်ပုံတင်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ လစဉ် စာရင်းရေးသွင်း နိုင်ရေး၊ စပါးဝယ်ယူရေးအတွက် အလေးချိန်သတ်မှတ်ချက်များ၊ ကြားပွဲစားများ ပွဲစား စိစစ်ရေးကဒ်များ ကိုင်ဆောင်ဝယ်ယူရေး၊ ကြားပွဲစားစိစစ်ရေးကဒ်များမရှိဘဲ စပါးများ အရောင်းအဝယ် ပြုလုပ်ပါက လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပေါင်းတည်မြို့နယ် ပေါက်တန်း အ.ထ.က (ခွဲ) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို  ၂၀၂၅ ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်(၉း၃၀)နာရီ ၌ ပေါင်းတည်မြို့နယ် ပေါက်တန်းအခြေခံ အ.ထ.က (ခွဲ) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ်လက်ထောက် ပညာရေးမှူး  ဦးတင်မောင်ဆွေက အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး  မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းက မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် ဥပဒေရေးရာသိကောင်းစရာများ၊ မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြိုနယ်အားကစားနှင့် ကာယပညာဦးစီးမှူး ဒေါ်နီလာဝင်း   မှလူငယ်နှင့်အားကစားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးစုစံ ကစာဖတ်ရှိန်မြင့်တင်‌ရေး စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက စားသုံးသူကာကွယ်ရေး အကြောင်းအရာများကို  အသီးသီးအသိပညာပေး ဟောပြောခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်သား/ကျောင်းသူ စုစုပေါင်း (၁၉၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


DOCA(ပဲခူး)

ကုန်မျိုးစုံ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ (၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အလယ်ပိုင်း ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ကုန်မျိုးစုံနှင့် စားသောက်ကုန် အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူမိဘ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်နှင့် ကုန်စည်အမျိုးမျိုးပေါ်တွင် ကုန်စည် အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက် ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ၊မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချကြရန် ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ရန်၊  ကုန်စည် နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Doca(ဧရာဝတီ)

ပန်းတနော်မြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန ခန်းမတွင် ရပ်ကွက်နေပြည်သူများအား အွန်လိုင်းရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရပ်ကွက်နေပြည်သူများကို အွန်လိုင်းမှ ကုန်စည်ဝယ်ယူ သည့်အခါ အခွင့်အရေးနှစ်နာမှု မရှိစေရန် အွန်လိုင်းရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်ရာ  ၇.၁၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာ၊ မြို့နယ်ရဲ တပ်ဖွဲ့ရုံးတွင် ဝန်ထမ်းမိသားစုနှင့် ရပ်ကွက်နေပြည်သူများကို Online Shop နှင့်စပ်လျဉ်း၍ အသိပညာ ပေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် (မြို့နယ်တာဝန်ခံ)ဦးအောင်ကျော်သက်က မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၏ ဖိတ်ကြားချက်အရ ဝန်ထမ်းမိသားစုနှင့်ပြည်သူများကို အွန်လိုင်းးမှ ကုန်စည်များ ဝယ်ယူရာတွင် လိမ်လည်ခံမှု မရှိစေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင် ထုတ်ပေးခြင်း၊ဆိုင်းငံ့ခြင်း၊ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eCom Reg System ၏ Reportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ဒေသတွင်း အွန်လိုင်းဖြင့် ကုန်စည်များ ရောင်းချသူ လုပ်ငန်းရှင်များမှ မှတ်ပုံတင် အသီးသီး ဆောင်ရွက်လာကြပြီး အွန်လိုင်းစျေးဝယ်ယူခြင်းနှင့် ပတ်သက်၍ မိမိ ဝယ်ယူမည့်Pageနှင့် Wesbite တို့သည် စားသုံးသူများအကြား နာမည်သတင်း ကောင်းမွန်ခြင်း ရှိ/မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှုရှိ/မရှိ စိစစ်ရန်နှင့် ငွေပေးချေရာတွင် သတ်မှတ်ထားသောစနစ်ရှိ/မရှိ၊ သတ်မှတ်ထားသည့်ဌာန၊ အဖွဲ့အစည်းများ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့ကို သေချာစွာသိရှိထားရမည်ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက် အလက်များပေးအပ်ရန်လိုအပ်လာပါက ကျိူးကြောင်းခိုင် လုံမှုရှိ/မရှိ သတိထားရမည့်အကြောင်းအရာများ  ပြီးသောလုပ်ငန်းများကို သေချာစွာစိစစ်၍ ဝယ်ယူကြရန်နှင့် တက်ရောက်လာကြသော စိတ်ပါဝင်စားသူများက သိရှိလိုသည် များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားသို့ စိတ်ပါဝင်စား သူ ၇၅ ဦးခန့် တက်ရောက်လေ့လာကြကြောင်း သိရှိရပါသည်။

Doca(ဧရာဝတီ)

နေ့စဉ် သတ်မှတ် ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဇော်မင်းနှင့် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း(၂) ဦးတို့သည်  ပန်းတနော်မြို့နယ်အတွင်းရှိ ဝေဖြိုးလျံ ကုန်မျိုးစုံ(ဆီဆိုင်) နှင့် ဦးစောထွန်း ကုန်စုံဆိုင်တို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၇.၁၂.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှု များအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသောဆီများသည် သတ်မှတ်ထား သော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ရောင်းချရမညိ့် ဆီပိဿာကို အလေးချိန်ပြည့်ဝ စွာဖြင့် ပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်အတွင်း အကုန်ရောင်းချနိုင်ခြင်း ရှိမရှိ၊ ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား သတ်မှတ်စည်းကမ်းကိုလိုက်နာ၍ ရောင်းခမှု ရှိမရှိနှင့် မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မည်သူမျှ ဥပဒေအရ ကာကွယ်ဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း နှင့် ဈေးတင်ရောင်းချပါက အရေးယူခံရ မည်ဖြစ်ကြောင်း အသိပညာပေးမှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Doca(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ