Main menu

အမှတ်(၉၀၃)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် နှင့် ဝန်ထမ်းများသည် (၂၄.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် ကလောမြို့နယ်၊ အောင်ပန်းမြို့ ရှိ အမှတ်(၉၀၃)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် မစခ(၉၀၃)မှ မစခမှူး နှင့်ဇနီး၊ အမတ(၃၅၅)မှ တပ်ရင်းမှူးနှင့်ဇနီး၊ အမတ(၄၀၇)မှ တပ်ရင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိ စစ်သည်၊ ရဲမေမိသားစုဝင်(၇၀)ဦး တက်ရောက်ခဲ့ပါသည်။

                             စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဟောပြောရာတွင် စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ရောင်းချရာတွင်ပါရှိရမည့်ကုန်အညွှန်းအမှတ်အသားများဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်(၈)ချက်အကြောင်း၊ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်း  နှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များကို ရွေးချယ်တတ်စေရန်၊ စတင် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ ကြည့်ရှု့နိုင်စေရန်၊ မိမိဝယ်ယူသော ကုန်စည်ကြောင့် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပါက စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၏  လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(ရှမ်း)