Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဒဂုံမြို့နယ်ရှိ Trusty Family Co.ltd အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Trusty Family Co.ltdအား နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ Olympic Hotel, National Swimming Pool Complex, U Wisara Road, Dagon tsp, Ygn ရှိ  Trusty Family Co.ltd သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေး ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်ပေးရာတွင်လည်း အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေးနှင့်  တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ပန်းတောင်းမြို့တွင် My RO နှင့်စပ်လျဉ်း၍အသိပညာပေး Talk Show ဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) သည် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (My RO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံ က ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင် မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့်နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို      ဒီဂျစ်တယ်နည်းလမ်း ဖြင့်စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့်အချက်များ၊ ဆန်စပါးသိုလှောင် ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူ သည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း ဆောင်ရွက်ရမည့်အချက်များ၊ ရေးသွင်းသည့် ကုန်စည်အရေအတွက်များနှင့်မြေပြင်ရှိ ကုန်အရေအတွက် များလည်း မှန်ကန်မှုရှိရန်နှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသော သူများအနေဖြင့် သတ်မှတ်ပမာဏများကို သိုလှောင်လုပ်ကိုင်ဆောင်ရွက်ပါက My RO တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက် ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ပြီး တစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးပြန်လည်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆန်စပါးသို လှောင်ရုံများမှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။  

DOCA(မန္တလေး)       

“ဒဂုံမြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Compana Mythic Co.ltd အား နိုဝင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၂၂/၂၄)၊ ယောမင်းကြီးလမ်း၊ ယောမင်းကြီးရပ်ကွက်ရှိ Compana Mythic Co.lt သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိ ထိုက်သည့်အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်မှုများအား အမှန်တကယ်သုံးစွဲနေသည့် စားသုံးသူများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စားသုံးသူများအနေဖြင့် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေး ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ပန်းတောင်းမြို့၊ အ.ထ.က-၁ ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့် စစ်ဆေး

                   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) သည် (၂၀.၁၁. ၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းကျန်းမာရေးအဖွဲ့ဝင်များပူးပေါင်း၍ ကျောင်းအတွင်း ကြည့်ရှု့စစ်ဆေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ခရိုင်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)       

ညောင်ဦးမြို့တွင် (My RO)နှင့်စပ်လျဉ်း၍အသိပညာပေး Talk Show ဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၁၉.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (My RO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ခရိုင်တာဝန်ခံ က ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင် မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့်နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို  ဒီဂျစ်တယ်နည်းလမ်း ဖြင့်စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူ သည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေးသွင်းသည့် ကုန်စည်အရေအတွက်များနှင့်မြေပြင်ရှိ ကုန်အရေအတွက်များလည်း မှန်ကန်မှုရှိရန်လိုအပ်ပါကြောင်း ဆန်စပါး လုပ်ငန်းလုပ်ကိုင်နေသော သူများအနေဖြင့် သတ်မှတ်ပမာဏများကို သိုလှောင်လုပ်ကိုင်ဆောင်ရွက်ပါက My RO တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ပြီးတစ်နှစ်ပြည့်မြောက်ပါကသက်တမ်းတိုးပြန်လည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့်ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ရာတွင်လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့် ဆင့် များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)       

ညောင်ဦးမြို့၊ အမှတ်(၃)မူလတန်းလွန်ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့် စစ်ဆေး

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာသင်ကြား လျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက် ၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေး တန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ခရိုင်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)       

ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်ရှိ အမကကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

             မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ လွတ်လပ်ရေးရပ်ကွက်ရှိ အခြေခံမူလတန်းကျောင်း၌ (၁၉.၁၁.၂၀၂၅)ရက်နေ့၊ နံနက် ၀၈:၀၀နာရီ အချိန်တွင် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြန္တာထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်းစားသုံးသူကာကွယ် ရေးဥပဒေနှင့် ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ကျောင်းသား/ ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်တိုင်းရင်းဆေးနှင့်မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ က သက်ဆိုင်ရာ ဌာနအလိုက် အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၂)ဦး၊ ဆရာ/ ဆရာမ(၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၅၀)ဦး၊ စုစုပေါင်း (၅၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)       

ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်ရှိ အမကကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့် စစ်ဆေး

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ် တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ လွတ်လပ်ရေးရပ်ကွက်ရှိ အခြေခံပညာမူလ တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)       

မြင်းခြံခရိုင်တွင် Talk Showအစီအစဉ် ဆောင်ရွက်ခြင်း

            မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၁၉-၁၁-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် Onlineရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

            ဟောပြောဆွေးနွေးရာတွင် Onlineရောင်းချခြင်းဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုကို Onlineမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ Onlineရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Onlineမှ ရောင်းချသည့် ကုန်စည်၊ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်အောင် ကြိုတင်စိစစ်ဆောင်ရွက်သင့်သည့်အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်ထားသည့် Online ရောင်းချမှုများကိုသာ ယုံကြည်စိတ်ချစွာ ဝယ်ယူသင့် သည့် အခြေအနေများ၊ ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာသည့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ တိုင်ကြားရမည့် နေရာဌာနများ၊ တိုင်ကြားရမည့် နည်းလမ်းများ စသည့် စားသုံးသူပြည်သူများအနေဖြင့် Onlineရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သိသင့်သိထိုက်သည့် အချက်များအား အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ကိုဗစ်-၁၉ ချေးငွေ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

              ညောင်ဦးမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ မုန့်ဟင်းခါးနှင့်ခေါက်ဆွဲ လုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်တို့အား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေးကို တိုက်တွန်းနှိုးဆော်ရန်အတွက် ညောင်ဦးရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် အခါအားလျော်စွာ ပေးအပ်သောတာဝန်ကို ဆောင်ရွက်ရန်အတွက် (၁၉.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၃၀) နာရီအချိန်၌ ညောင်ဦးမြို့နယ် တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကိုဗစ်-၁၉ သက်ရောက်မှု ကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေများ အကျိုးရှိစွာ အသုံးချရန် အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ချေးငွေခွင့်ပြုထုတ်ပေးထားပြီး ချေးငွေရယူထား သော လုပ်ငန်းရှင်များက ချေးငွေပေးဆပ်နိုင်ရေး အတိုးနှင့်အရင်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အပြေအကြေပေးဆပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအားတိုက်တွန်းနှိုးဆော်ပြီး ကတိပြုဝန်ခံချက်များ  ရေးထိုးရယူရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ