
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဉီးစီးမှူးဉီးဆောင်သော စားသုံးသူရေးရာ ဌာနခွဲမှ ဝန်ထမ်းများသည် (၂၃.၂.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ရာ ဆရာ/ ဆရာမ ၂၀ ဉီး၊ ကျောင်းသား/ သူ ၄၀ ဉီး၊ စုစုပေါင်း ၆၀ ဉီး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဉီးစီးမှူးက စားသုံးသူရေးရာဉီးစီးဌာနအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဉီးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ဆွေးနွေးတင်ပြခဲ့ရာ တိုင်ကြားခွင့်ရှိသူများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သိလိုသည်များကို ပြည်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)
