
စားသုံးသူရေးရာဉီးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး တောင်ကြီးမြို့နှင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် အငယ်တန်းစာရေးရာထူး ဝန်ထမ်းသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲ၌ ရှမ်းပြည်နယ်ဦးစီးမှူးရုံး(တောင်ကြီး)တွင် အငယ်တန်းစာရေး ရာထူးနေရာအတွက် ဌာနတွင်းမှ ဖြေဆိုသူ (၁)ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ကျား( ၈)ဦးနှင့် မ(၂)ဦး၊ စုစုပေါင်း (၁၁) ဦး ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံတွင် ပြင်ပမှဖြေဆိုသူ ကျား(၁)ဦးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးတွင် ပြင်ပမှဖြေဆိုသူကျား(၁)ဦးနှင့်မ(၂)ဦး ၊ စုစုပေါင်း ရှမ်းပြည်နယ်တွင် စုစုပေါင်း (၁၅)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
