Main menu

အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာမှုအား မြေပြင်စစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားလာသည့် (Handmade Gallery) (ဟန်းမိတ်ဂယ်လာရီ) စာအုပ်စာတမ်းများနှင့် စာရေး ကိရိယာပစ္စည်းများ၊ ဖန်စီပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ မြေပြင်စစ်ဆေးခဲ့ပါ သည်။

             ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားစဉ်က တင်ပြ ထားသည့်  အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက (Handmade Gallery) (ဟန်းမိတ်ဂယ်လာရီ)စာအုပ်စာတမ်းများနှင့် စာရေးကိရိယာပစ္စည်းများ၊ ဖန်စီပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး  လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

 DOCA(စစ်ကိုင်း)