Main menu

မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍  မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူး လျှင် (ဘူးခွံအပါ) ၃၆၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၁၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)