
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၉)ရက်နေ့၊ နံနက်ပိုင်းအချိန်က ဗျိုင်းကဇီးကျေးရွာနှင့်ဒေါ် ညိမ်းကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ရာတွင်ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဇော်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မိုးလှိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အဖွဲ့များခွဲ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားများတွင် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်သည် ရိုးရှင်း လွယ်ကူပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကာ လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြီးမားသော အထောက်အကူဖြစ်စေပြီး တက်ရောက်လာသူများအနေဖြင့် ယခုလက်တွေ့စမ်းသပ်မဲပေးခြင်းမှ ရရှိသည့် အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်သို့ ထပ်ဆင့်မျှဝေပေးသွားကြရန် တို့ကိုပြောကြားခဲ့ပြီးနောက်မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက် လာကြသောဗျိုင်းကဇီးကျေးရွာနှင့်ဒေါ်ညိမ်းကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲမေးစက်ဖြင့် မဲပေးခြင်းအား စနစ်တကျစုပေါင်း၍ စမ်းသပ်မဲပေးခဲ့ ကြကြောင်းသတင်းရရှိပါသည်။
( Doca ဧရာဝတီ )