Main menu

“လင်းလက်ကြယ်” အမှတ်တံဆိပ် အကြော်စုံလုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့၊ နံနက် (၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ကျိုင်းအင်းရပ်၊ ရပ်ကွက် (၅) အတွင်းရှိ “လင်းလက်ကြယ်” အမှတ်တံဆိပ် အကြော်စုံလုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် “လင်းလက်ကြယ်” အမှတ်တံဆိပ် အကြော်စုံလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)