
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ (၈.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀;၀၀)နာရီက ဆိပ်ကမ်းသာဈေးရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်း မြို့နယ်တာဝန်ခံမှ ဆိပ်ကမ်းသာဈေးရှိ လက်လီလက္ကားရောင်းချသော ကုန်မျိုးစုံဆိုင်များရှိ Goody, Meizan အမှတ်တံဆိပ်ပါစားသုံးဆီဘူးများအား ကုန်အညွှန်းအမှတ််အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးဆီရောင်းချသော ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီဘူးများအား ရောင်းချခြင်းမပြုရန် အထက်ဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွန်းဖော်ပြချက်ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
