
၁၂.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင် (၆) ဦးနှင့် တွေ့ဆုံ၍ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (NCPP) နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင် (၆) ဦး အား အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးရာတွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား သိရှိလိုက်နာဆောင်ရွက်ရေး၊ မိမိတို့ထုတ်လုပ်သော ကုန်စည်၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး စသည်တို့ကို စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များမှ သိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA (မွန်)
