Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလ(၁၅)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရုံပွဲလမ်း၊ အမှတ်(၃)ရပ်ကွက်နှင့် ကြာနီကန်လမ်းမကြီး အမှတ်(၄)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်း ဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

            ထိုသို့စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော ဘိလပ်မြေများသည် စက်ရုံမှ တိုက်ရိုက်ဝယ်ယူ‌ရောင်းချလျက်ရှိပြီး၊ Alpha တစ်အိတ် လျှင် ၂၁၅၀၀/-ကျပ်၊ Apache တစ်အိတ်လျှင် ၂၁၀၀၀/-ကျပ်ဖြင့် အခြားသော အိမ်ဆောက် ပစ္စည်း များမှာ ယခင်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ 

(DOCA ဧရာဝတီ)

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးသို့ ဈေးနှုန်းဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        (၂၄.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)က ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ် ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဇလွန်မြို့မဈေးရှိ ကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၁၄.၁၂.၂၀၂၅)ရက် နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် ဇလွန်မြို့နယ် လမ်းမတော်(မ)ရပ်ကွက် (မြို့မဈေး)ရှိ ကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား မြေပြင် ကွင်း ဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဇလွန်မြို့နယ် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ကုန်စုံဆိုင် ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ် ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကနောင်မြို့“ဝေလ” ကယေကယာလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၁၅.၁၂.၂၀၂၅)ရက် နေ့ နံနက်(၁၁:၀၀)တွင် မြန်အောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကနောမြို့ရှိ “ဝေလ” ကယေ ကယာလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ ပြုလုပ်နေသော ကုန်စည်များသည် စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ် ကင်း ရှင်းမှု ရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသောစီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

( Max) စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ (Max) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း  သိရပါသည်။

    ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (PHSD-၂၆၉၀ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဟင်္သာတ နည်းပညာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကြောင်းစရာများ အသိပညာပေးဟောပြောခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦး စီးမှူး၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၆.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ် နတ်မော်တိုက်နယ်၊ ပြာကတက်ကျေးရွာရှိ နည်းပညာတက္ကသိုလ်ခန်းမတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၅၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                            ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏လက်ရှိဆောင်ရွက်လျက်ရှိသောစားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများ၊အွန်လိုင်းမှတစ်ဆင့်ဝယ်ယူသုံးစွဲခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင် က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက် နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းစသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက္ကသိုလ်ကျောင်းသားများမှ Call Center 1535 သို့ ဆက်သွယ်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

YP စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည်(၂၄.၁၂.၂၀၂၅)ရက်နေ့၊နံနက်(၁၁:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊  YP စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ အရောင်းဆိုင်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (HSD-၂၂၃၀ကျပ်)၊ (PHSD-၂၆၉၀ကျပ်)တို့ဖြင့် စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်၊ စည်ပင်ကွပ်ကဲမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ပူးပေါင်း၍၊ ဝန်ဆောင်မှု ကဏ္ဍ (၃) ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား (၂၃.၁၂.၂၀၂၅ ) ရက်နေ့၊ နံနက် (၀၉း၀၀)အချိန်ခန့်တွင် အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းရှိ မန္တလာမင်း၊ ရွှေစင်စင်္ကြာ၊ မန်းရွှေပြည်၊ ရွှေလင်းယုန် စသည့်ယာဉ်လိုင်များအား စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ခရီးသည်ပို့ဆောင်ရေးမော် တော်ယာဉ်အသင်းမှသတ်မှတ်ထားသော စည်းကမ်းချက်များညွှန်ကြားထားသည့် အချက်(၂၂) ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အားမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့် အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး၊ ခရိုင်ဦးစီးမှူးပါ(၄)ဦးတို့သည် (၂၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)မှစ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးအတွင်းရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများသို့ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီနှင့် ယာဉ်လိုင်းထိန်းသိမ်းရေးဌာနတို့မှ ပူးပေါင်းပါဝင်လျက် ဒဂုံဧရာအဝေးပြေးဝင်းအတွင်းရှိ ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုများဖြစ်သော ကံထူးအောင်+မြတ်မိခင်၊ နေလဝင်း၊ ဂျိုကာ၊ အိမ်မဲသားနှင့် ရာဇာအောင် ခရီးသည်သယ်ယူပို့ဆောင်ရေးတို့အား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုမရှိသည့် စားသုံးသူများကို ယာဉ်လိုင်းတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)နှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့မှ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ဘုရင်မဆပ်ပြာစက်ရုံသို့ ကွင်းဆင်းလေ့လာ

           (၂၃.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၄၁)၊ ဦးမြဲလမ်းနှင့် မြဝတီလမ်းထောင့်၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုရင်မဆပ်ပြာစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဘုရင်မဆပ်ပြာစက်ရုံမှ တာဝန်ခံ ဒေါ်ဝါဝါရွှေနှင့် တွေ့ဆုံကာ စက်ရုံတွင် ဘုရင်မအမည်ဖြင့် ဆပ်ပြာတစ်မျိုးထဲသာထုတ်လုပ်၍ ကျား(၁၉)ဦး၊ မ(၃၁)ဦး စုစုပေါင်း (၅၀)ဦးဖြင့် လည်ပတ်ကာ တစ်ရက်ထုတ်လုပ်မှုမှာ ဆပ်ပြာတုံး(၁၀) တုံးထုပ် (၁)ပါကင်တွင် (၂၄)ထုပ်ဖြင့် (၇)ပါကင်ထုတ်လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုတွင် ပါကင် (၂၀၀)ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် လုပ်ငန်းမှာ လည်းအဆက်မပြတ်လုပ်ကိုင် လည်ပတ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ