Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကြံခင်းမြို့နယ် သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်နှင့်ရွှေတောင်စုရပ်ကွက်ရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအား ပူးပေါင်းအဖွဲဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်နှင့်ရွှေတောင်စုရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ် ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

EYDNS (DOCA ဧရာဝတီ)

“ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                       ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ကျောက်ဆည် မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စုလက်ဝဲစုကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုးပြောင်းလဲလာပြီး အလွယ်တကူ စားသောက်လို့ရသည့် (အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာစားသုံးသူတွေရဲ့အလိုကိုလိုက်ပြီး အရောင် အသွေးလှပရန် နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင် ဆေးဝါးတွေ၊ ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီး ထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာ အရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း၊နာတာရှည်‌ရောဂါတွေဖြစ်ခြင်း၊ သေကျေပျက်စီး ခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ ဘက်ဂျက် ထိခိုက်ပြီးနိုင်ငံဖွံ့ဖြိုးမှုအတွက်ထိခိုက်လာလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ ကျေးရွာ သား စုစုပေါင်း(၁၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး) 

ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၈.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၅:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့်ဆီအသင်းရုံးခန်း၌ ဟင်္သာတခရီုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီလက်ကားကိုယ်စားလှယ်များအား  ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ်ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်စေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူး နိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက် ကြစေရေး ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စားအုန်းဆီ လက်ကားကိုယ်စားလှယ်လုပ်ငန်းရှင်များမှ  သိရှိလိုသည်များ မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်

(DOCA ဧရာဝတီ)

“ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                           ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနသည်စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်:လုပ်ငန်းတို့ကိုစဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာဓမ္မာရုံအတွင်း၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ် တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာအမျိုးမျိုးပြောင်းလဲလာပြီးအလွယ်တကူစားသောက်လို့ရသည့်(အသင့်အစားအစာ)များကိုစားသောက်လာကြကြောင်း၊ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ စားသုံးသူတွေရဲ့ အလိုကိုလိုက်ပြီး အရောင်အသွေးလှပရန်နှင့်အနံ့အရသာပြည့်စုံရန်မျက်စိပသာဒရှိစေရန်အတွက်အသင့်အစားအစာတွေကိုတရားမဝင်ဆေးဝါးတွေ၊ ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီး ထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာ အရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း၊နာတာရှည်‌ရောဂါတွေဖြစ်ခြင်း၊သေကျေ ပျက်စီးခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ ဘက်ဂျက်ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးမှုအတွက်ထိခိုက်လာလျက်ရှိကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့် (1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ကျေးရွာသူ/ကျေးရွာသား၊ စုစုပေါင်း(၁၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အမှတ်(၁) အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် ငပုတောမြို့နယ် အမှတ်(၁)အခြေခံပညာမူလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေး များအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၇၆)ဦးခန့် တက်ရောက်ခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ စိန်ရွှေနန်းအမှတ်တံဆိပ် အာလူးကြော်နှင့် မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ စိန်ရွှေနန်း အမှတ်တံဆိပ် အာလူးကြော်နှင့်မုန့်မျိုးစုံ လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ တောင်ပိုင်းရပ်ကွက်ရှိ စိန်ရွှေနန်း အမှတ်တံဆိပ် အာလူးကြော်နှင့်မုန့်မျိုးစုံလုပ်ငန်းအား MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့်ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက် အခြေ အနေများအားမေးမြန်းဆွေးနွေးခဲ့ပြီးထုတ်ကုန်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြ ထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော လုပ်ငန်းရှင် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စမ်းချောင်းစဉ်းအိုးဖိုအုပ်စု စမ်းချောင်းစဉ်းအိုးဖိုကျေးရွာရှိ အခြေခံပညာ အ.ထ.က(ခွဲ) ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ် စမ်းချောင်းစဉ်းအိုးဖိုအုပ်စု စမ်းချောင်းစဉ်းအိုးဖိုကျေးရွာရှိ အခြေခံပညာ အ.ထ.က(ခွဲ) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား /ကျောင်းသူ များအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၄)ဦးခန့် တက်ရောက်ခဲ့ပါသည်။

(DOCA) ဧရာဝတီ

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများကုန်အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်း ရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပြဌာန်းချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံး နိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာ စိန်စံပါပယ်ဆန်စက်အား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသူံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် လပွတ္တာမြို့နယ် ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာ စိန်စံပါယ် ဆန်စက်အား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာ မြို့နယ် တာဝန်ခံမှ ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာရှိ  စိန်စံပါယ် ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှု အခြေအနေများ၊ ဆန်စပါး ကြိတ်ခွဲမှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် SMEလုပ်ငန်းဖွံ့ဖြိုးမှုအတွက်  ထုတ်လုပ်လျက်ရှိသော ဆန်ကြိတ်ခွဲမှုမှထွက်ရှိလာသော ဆန်များထုတ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရေးအသွေးမီသော ဆန်များရ ရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)

 

Consumer Call Center 1535 သို့ ပြည်သူများ ဆက်သွယ်ဆောင်ရွက်မှုကို အသိပညာပေးခြင်း

     စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူ ပြည်သူများ  စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဓနုဖြူမြို့နယ် ပြည်သူ (၄)ဦး  ဆက်သွယ်ဆောင်ရွက်မှုများကို ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ များက (၁၈-၁၂-၂၀၂၅)ရက်နေ့  နံနက် (၁၁:၀၀)နာရီအချန်က အသိပညာပေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ် ဆောင်ရွက် ဝန်ဆောင်မှုပေးလျက်ရှိသော Consumer Call Center (1535) မှ ဖြေကြားဖြေးရှင်းဆောင်ရွက်ပေးလျက်ရှိပြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းမှ ပြည်သူ (၄)ဦးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆက်စပ်နေမှုများ ကို သိလိုသည့် အချက်များကို မေးမြန်းဆောင်ရွက်လို သဖြင့် Consumer Call Center (1535) လိုင်းခွဲ(၁)အား ဦးကျော်ဆွေ(၇)ရပ်ကွက် မှ  ဖုန်းခေါ်ဆို၍ Call Center တာဝန်ကျသူ ဒေါ်ပိုပိုအောင် နေ့စားဝန်ထမ်းမှ ဖြေကြားဆောင်ရွက်ခဲ့ပြီး  ဒေါ်ဝါဝါမိုး (၆)ရပ်ကွက် နေသူမှ  Call Center တာဝန်ကျသူ ဒေါ်ဖြိုးဖြိုးဝေ (အကြီးတန်းစာရေးအား) မေးမြန်းဆောင်ရွက်ခြင်း၊  ဒေါ်စီစီမွန် (၁၇)ရပ်ကွက်နေသူမှ Call Center တာဝန်ကျသူ ဒေါ်ပိုပိုအောင် နေ့စားဝန်ထမ်းမှ ဖြေကြားဆောင်ရွက်ခြင်း၊ ဒေါ်ချိုချိုဦး (၁၀)ရပ်ကွက်နေသူမှ  Call Center တာဝန်ကျသူ ဒေါ်ပိုပိုအောင် နေ့စားဝန်ထမ်းမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရပြီး ပြည်သူများက  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို  လည်းကောင်းမေးမြန်းခဲ့ကြပြီး   ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှလည်း Consumer Call Center (1535)  ဆက်သွယ်ခဲ့သော ပြည်သူများကို Consumer Call Center (1535) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ