
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဆန်စပါးအား အဓိကထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်/စပါး တင်ပိုရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့၊ ညနေ (၁၅:၃၀)နာရီအချိန်တွင် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ ရန်ကုန်တိုင်းသီလဝါသို့ တင်ပို့မည့် စပါးတင်ထားသော ရေယာဉ်(၁)စီးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီ၊ ခရိုင်/ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင် အသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် Wilmar Myanmar ပေါင်းဆန်စက်ရုံမှ သီလဝါသို့ ကုန်တင်ကားဖြင့် စပါးတန်ချိန် (၆၅) တန် တင်ဆောင်ထားရှိမှုအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် စပါးများသယ်ဆောင်ရာတွင် ကန့်သတ်ကုန် ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေးနှင့် တရာဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
