Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆီစာအုပ်ဖြင့် ရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ် (14:၀၀) နာရီ ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆီစာအုပ်ဖြင့် ရောင်းခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       အဆိုပါစစ်ဆေးမှုတွင် ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်တွင် ရောင်းချသည့်ရက်စွဲ၊ ဈေးနှုန်းများပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လူတစ်ဦးလျှင် မည်သို့ရောင်း ချကြောင်း၊ ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချရှိ/မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ကျောင်းကုန်းမြို့နယ် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်ကျန်းမာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၂)အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

       အဆိုပါစစ်ဆေးမှုတွင် ဆေးဆိုင်များအနေဖြင့် ဆေးဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်း မရှိစေရန်၊ ဆေးပစ္စည်းများကို မည်သို့ဝယ်ရခြင်း၊ ဆေးပစ္စည်းအမျိုးအမယ်များစွာ ပျက်လပ်မှုရှိပါက မည်သို့မှာယူခြင်း၊ မည်သည့်ပစ္စည်းများပျက်လပ်မှုအများဆုံးဖြစ်ခြင်း၊ ဆေးပစ္စည်းများ၏ ဈေးနှုန်း မည်မျှရှိသည်တို့ကို စစ်တမ်းကောက်ယူ ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

“မြစ်သားမြို့နယ်၊ အရေးမဆိုကျေးရွာ ဓမ္မာရုံအတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                                 ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မြစ်သားမြို့နယ်၊ အရေးမဆိုကျေးရွာ ဓမ္မာရုံအတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ် တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူးက) တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများ အား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmထဲသို့ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီအသိပညာပေးဟောပြောဆွေးနွေးပွဲသို့ကျေးရွာသူ/ကျေးရွာသားစုစုပေါင်း(၁၀)ဦးတက်ရောက်ခဲ့ကြပြီးတက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                             

 

ငွေသာကီ အလှကုန်ပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၂)အတွင်းရှိ အလှကုန် ပစ္စည်း ရောင်းချသော ငွေသာကီဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

       (DOCA) ဧရာဝတီ

“အေဝမ်းဆပ်ပြာဆီထုတ်လုပ်သည့်လုပ်ငန်းအား Pre Market ကွင်းဆင်းဆောင်ရွက်”

                               ကျောက်ဆည်ခရိုင် ၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးနှင့်အတူ (၁၈-၁၂-၂၀၂၅)ရက်နေ့၌ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ အေဝမ်းအမည်ဖြင့် လူသုံးကုန်ပစ္စည်းလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်အေးအေးဝင်း နှင့် တွေ့ဆုံ၍ ဆပ်ပြာဆီထုတ်လုပ်ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များ နှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း ၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက  Online Registration  လျှောက်ထားရမည်ဖြစ် ကြောင်း ၊ အခက်အခဲများရှိပါက  ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးမှအသေးစားမှတ်ပုံတင်နိုင်ရေးအတွက်လိုအပ်သည့် အချက်အလက် များဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                            

 

ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာရေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ် ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် မိုးပြာအ‌ရှေ့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် အသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်း များကို ဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြု ကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များ တွင်လည်း ကုန်ညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိပါသည်။

(DOCA) ဧရာဝတီ

“မိတ်ဆွေကြီးအုန်းကပ်စေးထုတ်လုပ်သည့်လုပ်ငန်းအားPre Market ကွင်းဆင်းဆောင်ရွက်”

                               ကျောက်ဆည်ခရိုင် ၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးနှင့်အတူ (၁၈-၁၂-၂၀၂၅)ရက်နေ့၌ ကျောက်ဆည်မြို့၊ ငှက်က္ကတောင်ရပ်ကွက်ရှိ မိတ်ဆွေကြီး အမည်ဖြင့် အုန်းကပ်စေးလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးရဲဝင်းနှင့်တွေ့ဆုံ၍ အုန်းကပ်စေးထုတ်လုပ်ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များ နှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း ၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက  Online Registration  လျှောက်ထားရမည်ဖြစ်ကြောင်း ၊ အခက်အခဲများရှိပါကချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးမှအသေးစားမှတ်ပုံတင်နိုင်ရေးအတွက်လိုအပ်သည့် အချက်အလက် များဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                            

ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်းရှိ ဆန်/စပါးသိုလှောင်ရုံများအား ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ် (13:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်းရှိ သိုလှောင်ရုံများအား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ သိုလှောင်ရုံ လုပ်ငန်းရှင် ဦးဖိုးတာတာနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA) ဧရာဝတီ

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေးနှင့်ဇာနည်ခိုင်အာလူးကြော်လုပ်ငန်းအားကွင်းဆင်းစိစစ်”

                      မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်၊ကြက်မင်းတွန်ရပ်ကွက်ရှိ ဇာနည်ခိုင် အာလူးကြော်လုပ်ငန်းအားထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ကုန်အညွှန်းအမှတ်တံဆိပ်များပြည့်စုံစွာပါဝင်မှုရှိစေရေး နှင့် လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်းနှင့်၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင် သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(မန္တလေး)                                                                            

           

  

“ပြင်ဦးလွင်မြို့နယ်၊ ရေခြံစုကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

               ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ၊ ရေခြံစုကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည် ။ ဟောပြော ဆွေးနွေးပွဲတွင် ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)က တက်ရောက်လာသည့် ကျေးရွာသူ / ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး နှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊အွန်လိုင်းရောင်းဝယ်မှုနှင့်ပတ်သက်ပြီးOnlineမှရောင်းဝယ်ခြင်း၏အားသာချက်၊အားနည်းချက်များ၊ Online ရောင်းချသူများ လိုက်နာရမည့် စည်းကမ်းများ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ