Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဥပဒေနှင့် သိကောင်းစရာများကို ဟောပြောခြင်း

       ၁၃.၆.၂၀၂၆ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်နယ် စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအပေါ် စားသုံးသူ ပြည်သူများ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး‌‌ဟောပြောပွဲများကို စဉ်ဆက်မပျက်အသိပညာပေးလျက်ရှိကြောင်း၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်‌ရေး၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊  စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ၊ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်သော Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင်းကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး  ဆရာ/မနှင့်ကျောင်းသား/သူ ၁၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းစွယ်တော် သောက်ရေသန့်စက်ရုံအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်  မြို့ကွက်သစ်ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကား လမ်းမဘေးရှိ ပန်းစွယ်တော်သောက်ရေသန့်စက်ရုံကို သက်ဆိုင်ရာဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် အတူ  ၁၁.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ပန်းစွယ်တော် သောက်ရေသန့်စက်ရုံ လည်ပတ်နေမှုကို ကြည်ရှုလေ့လာခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ခဲ့ရပြီး ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့် တိုင်းစနစ်တကျရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်မရောမြို့နယ်ရှိ MSME လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှု

             ၁၇.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာရှိ “ကျွန်း” အမှတ်တံဆိပ်ဖြင့် စားသောက်ကုန်များ ထုတ်လုပ်လျှက်ရှိရာ ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ လျှက်ရှိ သော စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ပြည့်စုံစွာ ပါဝင်ခြင်း ရှိ / မရှိ တို့အား ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ကွင်ဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမင်းနောင် က ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မိမိတို့ဒေသမှ MSME ပြပွဲများတွင် ဝင်ရောက် ပြသသော စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲ လျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထား သည့်  ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ပြည့်စုံစွာပါရှိစေ‌ရေးတို့အား လိုက်နာဆောင် ရွက်သွားနိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအား အသိပညာပေး

          ၁၆.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်တာဝန်ခံရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၄) ဦးအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် မုဒုံမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများအားလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေး

    ၁၆.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့တာဝန်ခံသည် မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ “မိုးပြည့်” ရာသီပေါ်ခြံထွက် သီးနှံ ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ “မိုးပြည့်” ရာသီပေါ်ခြံထွက်သီးနှံ ရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ လိုက်နာရမည့်တာဝန်များကို ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၁၆.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် တာဝန်ခံသည် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ အရည်အသွေး/အလေးချိန် တိကျန်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိ ရကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်တွင်းထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

          ၁၆.၆.၂၀၂၆ ရက်နေ့ မွန်းလွဲ (၀၂:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သထုံမြို့နယ်အတွင်းရှိ ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များ (MSME ထုတ်ကုန်) များအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်အတွင်းရှိ ပြည်တွင်း၌ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များ (MSME ထုတ်ကုန်)များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေ ရေးအတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ဖော်ပြထားခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

    ၁၇.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံဆိုင်များနှင့် ငပိ၊ ငံပြာရည်ရုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်များ (MSME ထုတ်ကုန်များ)တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်းအညွှန်း အမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်နိုင်စေရေးအတွက်ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာ ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ဖော်ပြထားခြင်း ရှိ/မရှိ၊ ကုန်စည်အမျိုးအစားများသည် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိရန်လိုအပ်နေပါသဖြင့် ပညာပေးကာလ (၁) လ သတ်မှတ်၍ သတ်မှတ်ချက်များအတိုင်းပြည့်စုံစွာ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်တွင် ပြည်တွင်းထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

          ၁၆.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ MSME ထုတ်ကုန်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် MSME ထုတ်ကုန်များတွင်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများဖော်ပြ ထားခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “သူထူးအောင်” အမှတ်တံဆိပ် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     ၁၇.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် “သူထူးအောင်” အမှတ်တံဆိပ် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှု အချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ