Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တံတားဦးမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်း”

                  ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ တံတားဦးမြို့ရှိ  စားသုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည် ။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ကျပ်သားအားမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိ သောစားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊အလေးချိန်ပြည့်ဝအောင်ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                             

 

မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာများအား online Saleနှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း သည် (၁၇.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မြို့နယ်ဌာနဆိုင်ရာ အရာရှိများအား online Saleနှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက တက်ရောက်လာသော ဌာနဆိုင်ရာ အရာရှိများကို မိတ်ဆက် စကားပြောကြားပြီး   online Shopping ‌ရောင်းချသော လုပ်ငန်းများသည် အွန်းလိုင်းစနစ်ကိုအသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်ပါက မှတ်ပုံတင်လျှောက်ထားရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်း ခြင်း၊ မှတ်ပုံတင်လျောက်ထားရန် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည် ဆိုင်လိပ်စာ မှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာ အရာ၇ှိ (၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ခရိုင်စားသုံးသူရေးရာကော်မတီ (၃/၂၀၂၅) အား ကျင်းပပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို (၁၇.၁၂.၂၀၂၅) ရက်နေ့ နေ့လယ်  (၁၄:၀၀)နာရီတွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် မအူပင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာ ပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း သုံးစွဲမှုဟာ ဘေးအနွတရာယ် ကင်းရှင်းရန် အရေးကြီးကြောင်း၊ စားသုံးသူသည် အဓိက သုံးစွဲသူဖြစ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့’ အခွင့်အရေးကို သိရှိနိုင်ရန်လိုအပ်ကြောင်း၊ အခွင့်အရေး ကို မှန်ကန်စွာ‌တောင်းဆိုတက်ရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ထုတ်ကုန် များ ပပျောက်ရန်လိုအပ်ကြောင်း၊ ဦးစားပေး ကုန်စည် ၁၀မျိုးကို လစဉ် မပျက်ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိချက် များကို ကော်မတီတွင် တင်ပြဆွေးနွေးရန်လိုအပ်ကြောင်း၊ သို့မှ သာ ပပျောက်နိုင်မည်ဖြစ်၍ စားသုံးသူ အခွင့်အရေးနှင့် အကျိုး စီးပွာကာကွယ်ရေးလုပ်ငန်းသည် အဓိကအလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ကိုပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးကြရန်ပြောကြားခဲ့ပါသည်။

    ဆက်လက်၍  အတွင်းရေးမှူး မှ အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့် အမှာစာများကိုဆွေးနွေးခဲပြီး အခြား သက်ဆိုင်ရာဌာနအဖွဲ့ဝင်များက ဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများကို မကြာခဏ စစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းမျာအားလည်း စားသုံးသူများ လိုအက်ဆန္ဒနှင့်အညီ လုံခြုံချောမွေစွာပိုဆောင်နိုင်ရေး၊ သတ်မှတ်ဦးရေထက်ပိုမိုတင်ဆောင်ခြင်း မပြုရန်၊ တန်စာခ ပေး၍ ပိုဆောင်ရသော လုပ်ငန်းများ မှန်ကန်စိတ်ချစွာ ပို့ဆောင်နိုင်ရေး စားသုံးသူအခြေခံလိုအပ်ချက်အပေါ် ကျေနပ်မှု ရှိစွာ ဝန်ဆောင်မှုပေးနိုင်ရေး ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရှင်းလင်းပြီး မိတ်ဖက်ဌာနများကပါ ပူးပေါင်းပါဝင် စစ်ဆေးစေလိုကြောင်းကို ဆွေးနွေးတင်ပြခဲ့သည်။

    ဆက်လက်၍ တက်ရောက်လာသော အဖွဲ့ဝင်အသီးသီးတို့မှ သိလိုသည်များတင်ပြ မေးမြန်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး အခြေခံလူတန်းစားမှ ၊ အလွှာအသီးသီး လူတန်းစားမခွဲခြားပဲ စားသုံးသူ တန်းတူ အခွင့်အရေး ရရှိရေး အခြေခံအဆင့်ဆင့် ဆွေးနွေးတင်ပြနိုင်ရန်လိုအပ်ကြောင်း အထက်ဌာန၏ အမိန်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန်ကို အသိပေးမှာကြား ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်၊၊

DOCA(ဧရာဝတီ)

“ တံတားဦးမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များ နှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး”

                                  စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးတစ်ကိုယ်ရေးသုံး ပစ္စည်းအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များ နှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။တံတားဦးမြို့ပေါ်ရှိ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်း အမျိုးမျိုးအား‌ရောင်းချသည့်ဆိုင်များအားကွင်းဆင်းစစ်ဆေးရာတွင်ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုအများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့စစ်ဆေး ရာတွင်ခွင့်ပြုချက်၊ ထုတ်လုပ်မှု ၊အမှတ်စဉ်နှင့်ထောက်ခံချက် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းနှင့်စပ်လျဉ်း၍တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ကုန်အညွှန်းအမှတ် အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                             

 

 

တူးချောင်းကျေးရွာ အလယ်တန်းအဆင့် ကျောင်းသားလူငယ်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား လူငယ်များကို လူငယ်ရေးရာအသိပညာ ဟောပြောပွဲ အခန်းအနားတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် ကုန်အညွှန်အညွှန်းအသားအကြောင်း အသိပညာပေးခြင်းကို ၁၇-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀:၁၅) အချိန်က ကျန်းမာရေးဦးစီးဌာနနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနတို့ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

    အသိပညာပေးပွဲတွင် ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီးနောက် ကျောင်းသား၊သူများ အသိပညာပေးရာတွင် မှတ်မိလွယ်အောင် ဘဝတစ်လျောက် အသိပညာပြန်အသုံးချတက်စေရန် လေ့လာမှတ်သား ရန်ကို မှာကြားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနက  ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက က စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းကို လည်း ကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေး ဥပဒေ သည် (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုရှင်းလင်းခြင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းကို ကြည်ရှုဝယ်ယူတက်စေရန် ဖော်ပြရမည့် အချက်အလက်များကို ရှင်း လင်းရာ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ အောက်ပါတို့ကို သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များဖြစ်သည့်(က) ကုန်စည်၏ တံဆိပ်အမှတ်အသား၊(ခ) ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊(ဂ) ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊(ဃ) ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊(င) ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊(စ) ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှု အချိုးအစား၊(ဆ) ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊(ဇ) သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကိုသေခြာကြည့်ရှု ရွေးချယ်ဝယ်ယူကြရန်ကို ဥပမာပေး မုန့်များနှင့်အတူ ‌ကျောင်းသား/ကျောင်းသူများကို ကိုယ်တိုင်ရွေးချယ်စေပြီး လေ့လာမှတ်သားဆောင်ရွက်တက်သူများကို ဆုချီးမြင့်ပေးအပ်ခဲ့ကြောင်း အသိပညာပေးပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၃၀ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးဆန်းစစ်ဆေးခြင်း

     အခြေခံပညာကျောင်းများတွင် ရောင်းချနေသော မုန့်များကို စားသုံးသည့် ကျောင်းသားလူငယ်များ ဘေူအန္တရာယ်ကင်းရှင်းရေးအတွက် မုန့်ဈေးတန်း စစ်ဆေးခြင်းကို ကျောင်းဖွင့်ရာသီတွင် လျာထားချက်နှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အသင့်စားမုန့်တွေ စားသုံးမိခြင်းကြောင့် ကလေးငယ်တွေမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါစတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားမှု မရှိစေရန်  အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့် များကို စစ်ဆေးဆောင်ရွက်ရန်လိုအပ်သဖြင့် ကျန်းမာရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအသိပညာပေးခြင်း၊ မုန့်ဈေးတန်းများကို စစ်ဆေးခြင်းကို ၁၇-၁၂-၂၀၂၅ ရက်နေ့ နံနက်(၀၉၃၀)အချိန်က အ.လ.က ၄ ကျောင်း မအူပင်မြို့ စာရေးကုန်းရပ်ကွက်တွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်သင်းသင်းထွေး စားသုံးသူရေးရာဌာနခွဲမှ တာဝန်ရှိသူနှင့် ဝန်ထမ်း(၄)ဦးတို့သည့် ကျောင်းမုန့်ဈေးတန်း ၁၂ဆိုင်မှ ရောင်းချသော အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ ‌ရောင်းချသောမုန့်များတွင် ထုတ်လုပ်သည့် လုပ်ငန်းလိပ်စာ ကြည့်ရှုစစ် ဆေးခြင်း၊ ခွင့်ပြုချက်၊ ထုတ်လုပ်မှု အမှတ်စဉ်များကို စစ်ဆေးခြင်း၊ ထမင်းဆိုင်ရောင်းချသူနှင့် ဗမာမုန့်ရောင်းချသူများအား သန့်ရှင်းသပ်ရပ်မှုနှင့် လက်အိတ်သုံးစွဲ၍ ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်း၊ မုန့်ဆိုင်လုပ်ငန်းရှင်များ ကျန်းမာရေး ထောက်ခံချက်များအား ကြည်ရှုစစ်ဆေးခြင်း၊ ဒေသတွင် ထုတ်လုပ်သောမုန့်များရောင်းချပါက ဆိုးဆေးနှင့် ဆေးသကြားများ သုံးစွဲမှုမရှိစေရန် မှာကြား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မအူပင်မြို့ စာရေးကုန်း အ.လ.က ၄ ကျောင်းမှ မုန့်ဈေးတန်းတာဝန်ခံများနှင့် လုပ်ငန်းရှင်တို့သည် ဌာနမှ သက်မှတ်ချက်များအတိုင်းလိုက်နာ၍ ဆောင်ရွက်ထားရှိကြောင်းနှင့် စားသုံးရန်သင့်သော မုန့်များကိုရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စစ်ဆေးသူမှ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ အကြောင်းထဲမှ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန် သော သတင်းအချက်အလက်ပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း စသည်တို့ကို ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

သိုလှောင်ရုံ စပါး ဆန် လက်ကျန် အခြေအနေများ မြေပြင် စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး နှင့်ဝန်ထမ်းများသည် မအူပင်မြို့နယ်ရှိ ဆန်စက်၊ သိုလှောင်ရုံများ သို့သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်း နိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ဒီဇင်ဘာလအတွက် (၁၇.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် ရေလဲလမ်းမပေါ်ရှိ ဆန်စက်နှင့် သိုရုံများ သို့ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှု များအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မအူပင်မြို့နယ်အတွင်း ဆန်စက်၊ သိုလှောင်ရုံ၊ ကုမ္ပဏီများ၊ ဆန်ဆိုင်နှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီး၊ သက်တမ်းတိုးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိ ပါသည်။

   မအူပင်မြို့နယ် ဆန်စက်၊သိုရုံနှင့် ဆန်ဆိုင် လုပ်ငန်းရှင်တို့မှ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းများ၏ ဆန်/စပါးသိုလှောင်မှု  မြေပြင် အခြေ အနေမှန်များကို စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့စုံဖြင့် လစဉ်ကွင်းဆင်းစစ် ဆေးခြင်း ဆောင်ရွက်လျက်ရှိပြီး  MyRo တွင် မှတ်ပုံတင်ထား ပြီး သည့်   ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင် များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update စာရင်းများကို မဖြစ်မနေ ဖြည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေ များအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသေးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ကျင်းပသော တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးဦးဇော်မင်းသည်(၁၈-၁၂-၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်း၊ အိုင်ဝိုင်းကျေးရွာတွင် သင်တန်းသူများအား စားသုံးသူအသိပညာပေး ဟောပြောခဲ့သည်။

    ဟောပြောရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေး ဥပဒေ သည် (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုရှင်းလင်းခြင်း၊ ဒေသတွင်း တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖြစ်၍ MSME များသည် စီးပွားရေးတိုးတက်မှုတွင် အရေးကြီး ပန်းတိုင်တစ်ခုဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်၍ လုပ်ငန်းဆောင်ရွက် ခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးနေရုံသာမက စီးပွားရေးအခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေးနေခြင်းလည်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် ကျေးလက်နှင့် မြို့ပြဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရုံသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများကို လည်း မြှင့်တင်ပေးနိုင်သည့် အရေးပါသော အင်အားစုတစ်ခုဖြစ်ကြောင်းကို ရှင်းလင်းခြင်း၊ MSME လုပ်ငန်းများကို ပိုမိုအားပေးမြှင့်တင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်နိုင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အခြားအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလိုအပ်ကြောင်း နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်အခွင့်အလမ်းများကို ပိုမိုရရှိစေရန်အတွက် မဟာဗျူဟာများချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပိုမိုမြင့်မားလာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းကို သင်သတန်းသူများအား အကျယ်တဝင့်ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်သူ ဒေသတွင်းထုတ်ကုန်လုပ်ငန်းသင်တန်းသူများက သိလိုသည်မျာမေးမြန်းမှုကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး တက်ရောက်သူ ၃၅ ဦး ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)

စက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းဆိုင်ရာ သိကောင်းစရာ ဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်သဇင်ဦး (ဒုဦးစီးမှူး) သည်(၁၈-၁၂-၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းဆိုင်ရာ သိကောင်းစရာ ပတ်သက်သည့် စားသုံးသူအသိပညာပေး ဟောပြောခဲ့သည်။

     ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်း ကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေး ဥပဒေ သည် (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုလည်းကောင်း၊ ဥပဒေထဲမှ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်များအကြောင်းကို ရှင်းလင်းရာ ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဖော်ပြထား သည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုကြောင်း၊ စားသုံးသူနှင့် ကုန်ပစ္စည်းအကြား ကြားခံတစ်ခုအဖြစ် ကုန်ပစ္စည်းအချက်အလက်ဖော်ပြထားခြင်း၊ ပုံစံအမျိုးမျိုး စာဖြင့် သင်္ကေတဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်း၊ စားသုံးသူ၏အလေ့အထအရ ဈေးနှုန်း၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်း၊ အမျိုးအစားတူ ကုန်စည်နှင့် နှိုင်းယှဉ် ကြည်ရှုတက်ကြကြောင်း၊  Labelling Provisions ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့မှစ၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် အာဏာတည်ကြောင်း၊ ၂၀၂၀ပြည်နှစ် မတ်လ ၁၆ရက်နေမှ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များစတင်အာဏာ တည်ကြောင်း ကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပုဒ်မ ၄၁ ၅အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ (၈)ချက်ကို ဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းခြင်း၊ ကုန်အညွှန်အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးရေးအရာရှိမှ စစ်ဆေးဆောင်ရွက်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ညွှန်ကြားချက်များထုတ်ပြန်ထားပြီး (၂/၂၀၁၉)၊ (၁/၂၀၂၀) (၁/၂၀၂၁) တို့၏ သတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်များမှ မိမိထုတ်ကုန်များအပေါ် တားမြစ်ချက် ပုဒ်မ ၆၇၊ ၆၈ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ လိုက်နာခြင်းမရှိ ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ် မပိုသော၊ ငွေကျပ် သိန်း ၂၀၀ထက်မပိုသော ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ပြီး ပုဒ်မ ၇၉အရ ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ကြောင်းသတ်မှတ်ထားရှိကြောင်းကို ရှင်းလင်းပြီး သင်တန်းသားများက သိလိုသည်များမေးမြန်း မှုကို တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ တံတားဦးမြို့နယ်ရှိ စိန်ပန်းနီ သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

                   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ တံတားဦးမြို့နယ် ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဒီဇင်ဘာလ(၁၇) ရက်နေ့တွင် တံတားဦးမြို့ရှိ စိန်ပန်းနီသောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ဆေးရေး အရာရှိက ပြောကြားရာတွင်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသော ဗူးခွံများ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း ၊ ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီးလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစား အလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လို ကြောင်း ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                             

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ