Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ပြင်ဦးလွင်မြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များ နှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး”

                  စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များ နှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့ပေါ်ရှိ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်း အမျိုးမျိုးအား‌ ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်း များကိုအများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့်ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာရောင်း ချရန်၊ ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းနှင့်စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး) 

 

အချိုရည်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့ နံနက် (1၀:30) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်အမှတ်()ရပ်ကွက်အတွင်းရှိ အချိုရည် ရောင်းချသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

   ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

ဟင်္သာတမြို့နယ် Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် ပိုမိုအဆင်ပြေမြန်ဆန်စေရန်အတွက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၇.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် ပိုမိုအဆင်ပြေ မြန်ဆန်စေရန်အတွက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးTalk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။

    အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊တရားဝင်ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက် အလက်နှင့် အာမခံချက်များပေးအပ် ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသောအရည်အသွေး ပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊ Online မှတ်ပုံတင်လျှောက်ထားသူသည် လူ ပုဂ္ဂိုလ် တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းအနေဖြင့်သော် လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာအသေးစိတ်အချက်အလက် များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊ မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိ စေမှာဖြစ်ပြီး အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာ ဖြစ်ပါ ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကိုဆောင်ရွက်မည်ဆိုပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသ၌ စားအုန်းဆီလက္ကား ဖြန့်ဖြူးရောင်းချသူ ဆီဆိုင်လုပ်ငန်းရှင် များအားအသိပညာပေးဟောပြောပွဲဆောင်ရွက်

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ အင်္ဂပူမြို့နယ်တာဝန်ခံသည်၊ အင်္ဂပူမြို့ ညောင်ကျိုးဒေသ၊ ဆီလက်က္ကားကိုယ်စားလှယ်လုပ်ငန်း ရှင်နေအိမ်၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိ မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆီဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူပြည်သူ များသို့ စားအုန်းဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့် တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းခြုံ မှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေး နှုန်းဖြင့်အရည် အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍  စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာရမည့်တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာ ဆောင် ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၈.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်း ချသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးသူမိဘပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိ ခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန် နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိ ပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၈.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်း ချသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးသူမိဘပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိ ခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန် နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိ ပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၈.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့ တောရကျောင်းလမ်း၊ လမ်းမတော်(မ)ရပ် ကွက်နှင့် ညောင်ပင်ဈေး(၁)လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ စားသောက်ကုန်လုပ်ငန်းများသို့ သွား ရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်စင်ဦးက ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ပဲကြော်/ပဲလှော်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/မရှိ စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်း စနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်း ရရှိပါသည်။

EYDNS (DOCA ဧရာဝတီ)

ပန်းတင်ကျေးရွာအုပ်စုတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၈.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၄၅) အချိန်တွင် အင်္ဂပူမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စုရှိ စုပေါင်းရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ (၆၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူ ရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ သည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိ သည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင် မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့် နှင့် ပြန်လည်ကုစား နိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြား မှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက် များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ အယူခံဝင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၁၈.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀)အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ အယူခံဝင်ခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ပထမဦးစွာ စားသုံးသူကာကွယ် ရေး ဥပဒေပါ ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းပုဒ်မ ၂၁ အရ တာဝန်များ လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊၂၅ နှင့် ၂၇ ပါ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးရေးအရာရှိမှ စစ်ဆေး တွေ့ရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို သက်ဆိုင်ရာဦးစီးမှူးရုံးမှ သတိပေးခြင်း၊ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့် အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ကြောင်း ပုဒ်မ(၅၂)တွင်  ဖော်ပြထားပြီး အဆိုပါ ပုဒ်မ(၅၂)အရ ဦးစီးမှူးရုံးက ချမှတ်သည့်အမိန့်ကို မကျေနပ်သူသည် သက်ဆိုင်ရာကော်မတီသို့ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း အယူခံဝင်နိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်နှင့်ရွှေတောင်စုရပ်ကွက်ရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအား ပူးပေါင်းအဖွဲဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်နှင့်ရွှေတောင်စုရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ် ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ