Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကုန်းမြို့နယ် အမှတ်(5)ရပ်ကွက်ရှိ နေလင်းစိုးဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (10:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ နေလင်းစိုးဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

     သို့ဖြစ်ပါ၍ နေလင်းစိုးဆန်စက် လုပ်ငန်းရှင် ဦးအုန်းကြိုင်နှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ်သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များရှိ စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီး အတွင်းရှိ အခြေခံစား သောက်ကုန်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသား များမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ /မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

“တံတားဦးမြို့နယ်ရှိ ဆယ်သိန်းတန်အမှတ်တံဆိပ်စာကလေးခွေကြော်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကွင်းဆင်းစိစစ်”

                                 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် တံတားဦးမြို့နယ်၊ရေကမိုးကျေးရွာရှိ ဆယ်သိန်းတန် အမည်ဖြင့် စာကလေးခွေကြော်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးစိုးမင်း နှင့်တွေ့ဆုံ၍ စာကလေးခွေကြော် ထုတ်လုပ်ရာတွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့်ကုန်အညွှန်းအမှတ် တံဆိပ်များပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအားဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များဘက်မှလည်းကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအားအထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(မန္တလေး)                                                                             

      

                                                                  

မြို့မဈေးကြီး အတွင်းရှိ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကောက်ယူခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့ နံနက် (၁1:30) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ အခြေခံစား သောက်ကုန်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

      ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသား၊ ငါး အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် အခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်း ဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ ကျောင်းမုန့်ဈေးတန်းတွင် မုန့်များ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လည် (1:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ) မိုးပြာအရှေ့တွင် ကျောင်းမုန့်ဈေးတန်းအား ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

   သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က မိုးပြာအရှေ့ကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းတွင် မုန့်များအား ကွင်းဆင်းဆေးခဲ့ရာ ရောင်းချ နေသော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များ ပါရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

“တံတားဦးမြို့ရှိ ကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး”

                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် တံတားဦးမြို့၊နီပါးတန်းရပ်ရှိ ဒေါ်နှင်းရီ ကုန်စုံဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့် ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                             

ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက် (10:30) အချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ Myro မှတ်ပုံ တင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  Myro မှတ်ပုံတင်ရန် လိုအပ်ချက်များကို ပြောကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ် (3:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

“ တံတားဦးမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်း”

                  ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ တံတားဦးမြို့ရှိ  စားသုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည် ။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ကျပ်သားအားမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိ သောစားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊အလေးချိန်ပြည့်ဝအောင်ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                             

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ