
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၁)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ၂၀၂၆နှစ်၊ ဇွန်လ ၁၇ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ရောင်းချသည့် အမှတ်တံဆိပ်ပါ (ခင်မမ)ပဲကြော်စုံ၊ လက်ဖက်၊ ရွှေအိ(အသင့်စားရှမ်းခေါက်ဆွဲ၊ တိုးဟူးနွေးခေါက်ဆွဲ)၊ အောင်ရတီ(ဆီသန့်အာလူးကြော်)၊ စွမ်းထက်(မရွေး)၊ Sweet Bakery (ပေါင်မုန့်၊ ကိတ်မုန့်)၊ သန့်ဇင်(မုန့်ဟင်းခါးခြောက်)လုပ်ငန်းတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရန်လိူအပ်ချက်ရှိသည့်လုပ်ငန်းများအား ပညာပေးကာလ (၁)လ သတ်မှတ်၍ ပြင်ဆင်စေပြီး ပြန်လည်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
