Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြစ်ကြီးနားမြို့နယ်၊အ.မ.က(၁၈)၊အခြေခံပညာမူလတန်းကျောင်း၊မြို့သစ်ရပ်ကွက်ရှိ ဆရာ/မ၊ကျောင်းသား/သူ(၅၁)ဦးအား အသိပညာ‌ပေး‌ဟောပြောခြင်း

         စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး)သည် ၂၂.၁၂.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ်၊ မြို့သစ် ရပ်ကွက်၊ အ.မ.က (၁၈) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/ သူ (၅၁)ဦးအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဟောပြောရာတွင် ဒေါ်သီတာဖြိုး(အကြီးတန်းစာရေး)က စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ ဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး (၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အချိုရည်သောက်သုံးမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင်သုံးစွဲခွင့်မရှိသော ဆိုးဆေးများအကြောင်း ၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှု အခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်)  သည် ၂၂.၁၂.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော နိုဘယ် (မုန့်တိုက်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် NOBEL အမှတ်တံဆိပ်ပါ ကိတ်ခြောက် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မုန့်တိုက်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင် သည် ၁၆.၁၂.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် ညောင်တုန်းမြို့၊ အောင်ဇေယျရပ်ကွက်ရှိ ထွန်းသူရ(ရေသန့်စက်ရုံ) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ (သောက်ရေသန့်) အမှတ်တံဆိပ်ပါ သောက်ရေသန့်သည် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့် များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ဧရာဝတီ)

 “ ကော့မှူးမြို့နယ် ကျေးရွာအုပ်စုများရှိ ဆန်စက်များ၏ မိုးစပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် My Ro သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ထားမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ကျေးရွာအုပ်စုများရှိ ဆန်စက်များ၏ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် My Ro သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ထားမှုအခြေအနေအား ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ သက်ဆိုင်ရာကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ထမ္မနိုင်၊ ကန်သုံးကန်၊ ဖရံချောင်း၊ ငါးဘလောက်သောက်၊ သမင်ခြံ၊ ကျုံးဒရယ်၊ ကျူတောချောင်း၊ သခွပ်ပင်ကျေးရွာအုပ်စုများမှ ဆန်စက်များတွင် မိုးစပါးကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်မှု၊ My Ro သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ထားမှုအခြေအနေနှင့် မြို့နယ်စည်ပင်သာဘာရေးအဖွဲ့မှ စည်ပင်လုပ်ငန်းလိုင်စင်လျောက်ထားမှုအခြေအနေတို့အား ပူးပေါင်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းရှင်ဆန်စက်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဒေသအတွင်း မိုးစပါးများ ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်မှုနှင့် သိုလှောင်ထားမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံ နေကြာမျိုးစေ့ သွင်းအားစုဓာတ်မြေဩဇာနှင့် Drum Seeder များပေးအပ်ခြင်း အခမ်းအနားကျင်းပ ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာ၊ ပိုက်ဆံလျှော်နှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder များပေးအပ်ခြင်းနှင့် စွမ်းအားမြှင့်မီးဖိုပေးအပ်ခြင်း အခမ်းအနားကို ကော့မှူးမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးသိန်းကျော်လယ်မြေတွင် ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ကော့မှူးမြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများစုစုပေါင်းအင်အား (၁၃၀)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်မှ နေကြာစိုက်ပျိုးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက Drum Seeder နှင့် နေကြာစိုက်စက်များ အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ တောင်သူများထံသို့ နေကြာမျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာ ပိုက်ဆံလျှော်နှင့်တိုက် ရိုက်မျိုးစေ့ချကိရိယာ Drum Seeder များပေးအပ်ခြင်း၊ တောင်သူဦးသိန်းကျော်၏ လယ်မြေတွင် ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ “ဦးအောင်နိုင်”၏  ဆန်သိုလှောင်ရုံအား MyRO Website တွင် မှတ်ပုံတင်ရန် လာရောက်လျှောက်ထားခြင်းအား ကူညီဆောင်ရွက်ပေးလျက်ရှိ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်()လမ်းရှိ  ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးအောင်နိုင်၏ ဆန်သိုလှောင်ရုံအား MyRO Website တွင် မှတ်ပုံတင်ခြင်းအား ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

       အဆိုပါ ဆန်သိုလှောင်ရုံသည် ဝင်ဆံ့နိုင်သည့်ပမာဏ အိတ်ရေ(၅၀၀)ခန့်ရှိပြီး သိုလှောင်ရုံ အမျိုးအစား အလတ်စားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံအဆောက်အဦမှာ ၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အလျား(၈၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၃)ပေရှိပြီး အခင်း(ကွန်ကရစ်) အကာ (အုတ်) အမိုး(သွပ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော ဆန်အမျိုးအစားမှာ မျိုးစုံ ဖြစ်ပြီး (၁၂.၁၂.၂၀၂၅)ရက်နေ့ထိ သိုလှောင်ထားရှိမှုအခြေအနေမှာ အိတ်ရေ (၄၀၀)ခန့်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် MyRO တွင်မှတ်ပုံတင်ရန် လာရောက်လျှောက်ထားသည့် နည်းပညာအခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များအား MyRO Website အသုံးပြုနည်းများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သိုလှောင်ရုံပိုင်ရှင် ဦးအောင်နိုင်အား မှတ်ပုံတင် သက်တမ်း ()နှစ်ပြည့်လျှင် သက်တမ်းတိုးရန်၊ လစဉ် လဆန်း()ရက်နေ့မှ (၁၀) ရက်နေ့အထိ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။  စုစုပေါင်း ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် MyRO  မှတ်ပုံတင်ပြီးသော ဆန်သိုလှောင်ရုံ(၅၀)လုံးရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သိုလှောင်ရုံ စပါး ဆန် လက်ကျန် အခြေအနေများ မြေပြင် စစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင် ဦးစီးအရာရှိ နှင့်ဝန်ထမ်းများသည် ညောင်တုန်း မြို့နယ်ရှိ ဆန်စက်၊ သိုလှောင်ရုံများ သို့သွားရောက်၍ My Ro တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်း နိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား ဒီဇင်ဘာလအတွက် (၁၆.၁၂.၂၀၂၅)ရက်နေ့ နေ့လည်  (၁၂:၃၀)နာရီ အချိန်တွင် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှု များအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်မိန့် ထုတ်ပြန်ကြော်ငြာဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဆန်စက်၊ သိုလှောင်ရုံ၊ ကုမ္ပဏီများ၊ ဆန်ဆိုင်နှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီး ဆန်/စပါး သိုလှောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် အသိပေးပြောကြားဆောင်ရွက်ခဲ့ပြီး၊ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းများ၏ ဆန်/စပါးသိုလှောင်မှု  မြေပြင် အခြေ အနေမှန်များကို လစဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ပြီး  My Ro တွင် မှတ်ပုံတင်ထား ပြီး သည့်   ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update စာရင်းများကို မဖြစ်မနေ ဖြည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၆.၁၁.၂၀၂၅ရက်နေ့ နံနက်(၈)နာရီ တွင် ညောင်တုန်း မြို့ပေါ်ရှိ  အလှကုန်ပစ္စည်းများ ရောင်းချနေ​သော ကုန်စုံဆိုင်များသို့သွားရောက်၍ ကုန်စည်များ ပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

                  ထိုသို့စစ်ဆေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် ညောင်တုန်း မြို့ပေါ်ရှိ နွေလရောင် စတိုးဆိုင်၊ လက်နှင်း စတိုးဆိုင်၊ လင်းလဲချိုစတိုးဆိုင်၊ မနွေးနွေး အလှကုန်ဆိုင် (၄)ဆိုင်မှ ရောင်းချနေသော စျေးကွက်အတွင်း ထုတ်လုပ်တင်သွင်း ရောင်းချလျှက်ရှိ​သော အလှကုန်ပစ္စည်း အမျိုးမျိုး ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပ​ဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်​စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့တစ်ခုထက်ပို၍ဖြစ်​စေ တွဲလျက် ဖော်ပြရမည်ဖြစ်​ကြောင်းနှင့် တားမြစ်အလှကုန်များကို ဈေကွက် အတွင်းရောင်းချခြင်း မပြုရန်၊ သက်တမ်းလွန်အလှကုန်များ ဈေးကွက်အတွင်း ရှိမရှိကို စစ်ဆေး‌ဆောင်ရွက်ပြီး  စီးပွားရေးလုပ်ငန်းရှင်များအ​နေဖြင့်  လိုက်နာ​ဆောင်ရွက်ခြင်း ရှိမရှိ စျေးကွက်​စောင့်ကြည့် စစ်​ဆေးခြင်း​ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ညောင်တုန်း သပြေချောင်း မူလတန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြော

               ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၁၂-၂၀၂၅) ရက်နေ့တွင် သပြေချောင်းကျေးရွာ (အ.မ.က) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော ပြောပွဲ ပြု လုပ်ခဲ့ပါသည်။

              အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာ ပေးဟော ပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင် မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား (၈)ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းအမျိုး အစားပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်း ရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ Consumer Call Center (1535)သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း စသည့်အကြောင်း အရာတို့ကို ရှင်းလင်းဟောပြောကြရာ ဆရာ/ ဆရာမ၊ ကျောင်းသား/သူ (၆၇) ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့ပေါ်ရှိ  ကုန်စုံဆိုင်များ၌ ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တ ရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (၁၀.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွား ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များမှ လုပ်ငန်းရှင် များအား မိမိတို့ ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန် အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကို သာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချ ခြင်းမပြုရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း သိရှိစေရန် အသိပညာပေးဆွေးနွေး၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ