
စားသုံးသူရေးရာဦးစီးဌာနသည် ပညာသင်နှစ် ကာလများတွင် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွှန်စေရန် ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များ ဝယ်ယူအသုံးပြုနိုင်ရန် အတွက် မုန့်ဈေးတန်းဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ပညာရေးဦးစီးဌာန ကျောင်းများရှိ မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်ခြင်းလုပ်ငန်းကို လျာထားချက် ချမှတ်ဆောင်ရွက်၍ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင် မအူပင်မြို့နယ် အ.ထ.က ၂ ကျောင်းမုန့်စျေးတန်းအား ကျောင်းမုန့်စျေးတန်း ကော်မတီများ စားသုံးသူပြည်သူ့ကျန်းမာဦးစီးဌာန၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ၁၆.၆.၂၀၂၆ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိမှ ဒေသတွင်း ထုတ်ကုန်များဖြစ်ပါက ကုန်အညွှန်းအမှတ် အသားနှင့် ပြည့်စုံစွာပါရှိစေရန်၊ ပြည်တွင်းထုတ်ကုန်မုန့်များဖြစ်ပါက ထုပ်ပိုးမုန့်များတွင် သုံးစွဲရန် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား (သက်တမ်းကုန်ဆုံးရက်) ပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ မုန့်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မုန့်များအား ဖုန်လုံ/အင်းဆက်လုံစွာ ဖုံးအုပ်ရောင်းချခြင်းနှင့် ချက်ပြုတ်ရာတွင် သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ FDA ဌာနမှ တားမြစ်ထားသော မုန့်များကို ရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော ကျောင်းမုန့်ဈေးတန်း တစ်ခုဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို မုန့်ဈေးတန်းတာဝန်ရှိသူများကို မှာကြားခဲ့ပြီး လစဉ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုမရှိသော မုန့်ဈေးရောင်းချသူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို မှာကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
