Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စဉ့်ကိုင်မြို့နယ်ရှိ Asia သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြောက်ကိုင်ရပ်ရှိ Asia သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှ ပြန်ရောက်လာသောဗူးခွံများကို အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊  ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“အနောက်သာဂရ အထကကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အိအိဖြိုးက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။  အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများအား စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေး

      ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနသည် အွန်လိုင်းမှတ်ပုံတင်ရရှိထားသောလုပ်ငန်းရှင်များကိုခေါ်ယူပြီး မြိတ် မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အသိပညာပေးဟောပြောဆွေးနွေးရာတွင် အွန်လိုင်းဖြင့် ရောင်းချပါက မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်၊ အာမခံချက်၊စသည်များကို တိကျစွာဖော်ပြထားရှိရမည်ဖြစ်ပြီး  မှတ်ပုံတင်လက်မှတ်ရရှိထားသူ၏ တာဝန်များအကြောင်း တို့ကိုရှင်းလင်းပြောကြားခဲ့ကြပါ သည်။ ထိုနောက် အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ရခြင်းနှင့် ရရှိနိုင်သည့်အခွင့်အရေးများအား ပြောကြားခဲ့ပြီး သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား  ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ ဘိလပ်မြေ စက်ရုံသို့ ကွင်းဆင်း

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့တွင်  မြိတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့သွားရောက်၍ စျေးနှုန်းတည်ငြိမ်စေရေး ဘိလပ်မြေစျေးနှုန်းနှင့် ပစ္စည်းဝင်ရောက်နေမှုအခြေအနေများအား ကွင်းဆင်းခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင်  ကျန်ရှိသော လက်ကျန်ဘိလပ်မြေအခြေအနေ၊ ပစ္စည်းဝင်ရောက် နေမှုအခြေအနေနှင့် ‌စျေးနှုန်းများအားမေးမြန်းခဲ့ပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိ မြိတ်မြို့တွင် ဘိလပ်မြေတစ်အိတ်လျှင် ၂၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ MSME လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးသည် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် လုပ်ငန်းရှင်မှ တိုင်းဒေသကြီး MSME အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးဆွေးနွေးခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းဖွဲ့စည်းခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများ၊စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ‌ ရွှေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထား ဝယ်မြို့ပေါ်ရှိ ရွှေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ရွှေစျေးနှုန်းများ စျေးနှုန်းမှန်ကန်စွာ ရောင်းချမှုအခြေအနေများ၊ အလေး ချိန်ပြည့်မှီ မှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအား အတိုင်း ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ‌ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များမှရောင်းချလျက်ရှိသော စားသုံးဆီများအား အလေး ချိန်ပြည့်မှီ မှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအားအတိုင်း ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အထက(၁) ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ၊နံနက် (၉း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အထက(၄) ကျောင်းမုန့်စျေးတန်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

    အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများနှင့်ကျောင်းသား/ကျောင်း သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း ရောင်းချလျက် ရှိရာ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အ ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များ မပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတောင်းမြို့၊ အခြေခံပညာ မူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် (၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင်  အသိပညာပေး ဟောပြော ပွဲကျင်းပခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊  ပန်းတောင်း မြို့နယ် တာဝန်ခံမှ စားသုံးသူ အသိပညာပေးဟောပြောပွဲတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိသော ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ၊ ဆရာမ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း မြေပဲစိုက်တောင်သူအစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ ရာသီချိန်အမီ သက်သာသော ဈေးနှုန်း ဖြင့် ရရှိရေး စိုက်စနစ်များ၊ သီးနှံဈေးကွက်တည်ငြိမ်ရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများရရှိရေး အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့များကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးနှင့် ပြည်မြို့နယ်တာဝန်ခံတို့သည်(၁၃.၈.၂၀၂၅)     ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ဝါးရုံဆိပ်အုပ်စု၊ လျှော်ထုံးကျေးရွာရှိ မြေပဲစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံ၍ အစုအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများအား ရှင်းလင်းဆွေးနွေးရာ တောင်သူများမှ အစုအဖွဲ့ ဖွဲ့စည်းပေးရန် အဆိုပြု တင်ပြ သည့်အတွက် လျှော်ထုံးကျေးရွာ၊ မြေပဲစိုက်ပျိုးသူ အစုအဖွဲ့အား တောင်သူ (၁၅)ဦးပါကော်မတီကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ