
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၂.၆.၂၀၂၆) ရက်နေ့၌ ဘီးလင်းမြို့၊ မင်္ဂလာဈေး၊ ဘိုးရာဇာရပ်ကွက်အတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်တို့တွင် စည်သွပ်ဗူးအမျိုးမျိုးတို့အား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေး ရည်ရွယ်၍ စည်သွပ်ဗူးအမျိုးမျိုးတို့၏ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါ/မပါ နှင့် တင်သွင်းသည့် ကုမ္ပဏီလိပ်စာများကို စစ်ဆေးပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်စည်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ရောင်းချရန်နှင့် ကုန်စည်များ ရောင်းချရန်အတွက် ဝယ်ယူရာတွင် ကုန်စည် အတု/အပများအား ဂရုစိုက် ရွေးချယ်ဝယ်ယူရောင်းချစေရန်အတွက်ကို အထူးသတိပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
