Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြ လာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာ ပေးလျက်ရှိပါသည်။

   ပခုက္ကူခရိုင်အနေဖြင့် ဒီဇင်ဘာလအတွင်းတွင် ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန် ခံနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ ကုလားပဲမှုန့်၊ မြေပဲဆုံဆီ နှင့် စားသုံးဆီ ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၅)ကြိမ်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် အနောက် ပိုင်းရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးဆိုင်၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီ လုပ်ငန်း ရှင်များထံသို့ တွေ့ဆုံမှု(၂)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် မြောက်ကုန်းရပ်ကွက်ရှိ ငှက်ပျောကြော် လုပ်ငန်းရှင် (၁)ကြိမ် တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံမှု (၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကလေးမြို့ပေါ်ရှိ အ-ထ-က ( ၇ ) ကျောင်းအတွင်းရှိ မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ အထက ( ၇ ) ကျောင်းဝန်းအတွင်းရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းအား ( ၁၆.၁၂.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသည့် မုန့်ဆိုင် ( ၃ ) ဆိုင်တွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာစာဖြင့်ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/ မရှိနှင့် ကျောင်းသား/ ကျောင်းသူများ အတုယူလွဲမှားစေနိုင်သည့် အစားအသောက်ပုံစံများ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်ဇာဇာချိုဦးသည် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းအား Talk Show အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show ပွဲတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန် များ အကြောင်းအား စားသုံးသူများ သိရှိစေရန် ဆွေးနွေးရာတွင် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်း စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထား ရယူခွင့်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်ရှိခြင်း၊ အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့် အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အခွင့်အရေးများရရှိနိုင်ပြီး၊ စားသုံးသူ တာဝန်များဖြစ်သော ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ် မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း  စသည့်အချက် များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Hay Ko collection Online Shopလုပ်ငန်းအား online မှတ်ပုံတင်ရာတွင် အချက် အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်() ရပ်ကွက်ရှိ Hay Ko collection Online Shop လုပ်ငန်းအား online မှတ်ပုံတင်ရာတွင် အချက် အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ စစ်ဆေးရာတွင်  မင်းဘူးခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက Hay Ko collection Online Shop လုပ်ငန်းအား online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းလျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထား သည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင် လက်မှတ်လျှောက် ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး online စနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ် ထားကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

M/S WILHELMSEN PORT SERVICES (S) PTE. LTD ကုမ္မဏီပိုင် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောရောက်ရှိ

    ၂၉.၁၂.၂၀၂၅ ရက်နေ့ (၁၁:၄၅) ချိန်တွင် M/S WILHELMSEN PORT SERVICES (S) PTE. LTD ကုမ္မဏီပိုင် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် Mr.TAIYYEB IFTIQHAR ပါ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၁၃ ဦး၊ မလေးရှားနိုင်ငံသား သင်္ဘောသား ၁ ဦး၊ ပေါင်း ၁၄ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd ၏ ပြည်ပမှတင်သွင်းလာသည့် ဓာတ်ဆီ (92) ၂၇၆၆.၁၆၁ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

      အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ (မွန်ပြည်နယ်)၊ မုဒုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲ တပ်ဖွဲ့စု(မုဒုံ)၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီဝင်ရောက်မှုမှာ ၉.၆.၂၀၂၅ မှ ၂၉.၁၂.၂၀၂၅ ရက်နေ့ထိ သင်္ဘော (၂၄) စီးတွင် ပရီမီယမ်ဒီဇယ် (၇၃၈၈) တန်၊ ရိုးရိုးဒီဇယ် (49376.773) တန်၊ 95 (၈၃၃၇.၀၇၈) တန်၊ 92 (၂၃၇၉၃.၇၂၄) တန်၊ စုစုပေါင်းတန်ချိန် (၈၈၈၉၅.၅၇၅) တန် ဝင်ရောက်ပြီးဖြစ်ကြောင်း သိရှိရသည်။

 DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၄.၁၂.၂၀၂ ရက်နေ့တွင် အသဲလေး အမှတ်တံဆိပ် ငါးခြောက်မီးသွေးကင်လုပ်ငန်းရှင်၊ ရှောက်သီးဆေးပြား လုပ်ငန်းရှင်၊ “ထူးထူး” အမှတ်တံဆိပ် ဆွဲသားခြင်ထောင်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

     ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် “စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းအသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

     ၂၄..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် စီပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အကြောင်းအရာများအား အကျယ်အဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

      (.၁.၂၀၂၅) နှင့် (၂၁.၁၂.၂၀၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများ သည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဦးဝင်းလွင် နှင့် ဦးကျော်နိုင်မှ စားအုန်းဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းဖြင့်ရောင်းချခြင်း၊ သတ်မှတ် အရေအတွက် အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၄၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၈၈၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

       ၂၃..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့်မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်ရှိ “Ever Shine Fancy Store” နှင့် “A Thae Lay Halal Food & Cosmetics Online Shop” အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း

  ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် အွန်လိုင်းဖြင့် အလှကုန်နှင့်အထည်အလိပ် ရောင်းချသည့်လုပ်ငန်းရှင် (၂) ဦးတို့အား မြို့နယ်တာဝန်ခံရုံး၌ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများအားလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ