Main menu

လွိုင်လင်မြို့အတွင်းရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့် ဝန်ထမ်း များသည် (၁၆.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၃:00)နာရီအချိန်တွင် လွိုင်လင်မြို့အတွင်းရှိ ပတ္တမြား ဆန်ဆိုင်နှင့်  ရှမ်းညီနောင် ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းအနေဖြင့်‌ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ငစိန် တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်နှင့် ခေါက်ပါကင် တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများ အလိုက်ရောင်းချရန်၊ ဈေးနှုန်း မြင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)