Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) သည် ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများပြတ်လပ်မှု ရှိ/ မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိစေရန်အတွက် ဈေးကွက်အတွင်း မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံး သူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့တို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်မြို့၊ တလိုင်း စုရပ်ရှိ ဆေးဆိုင်များအား ဆေးစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ် သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိပြီး တိုင်း/ပြည်နယ်/ခရိုင်များအလိုက် ကိုယ်စားလှယ်များဖြင့် ဝယ်ယူ၍ ပြန်လည်ရောင်းချပေးလျက်ရှိကြပါသည်။ Myanmar Oil Alliance ကုမ္ပဏီများမှ ဒီဇင်ဘာလတွင် ထုတ်ယူခဲ့သောစားအုန်းဆီပေပါ (၆၆)ကိုမော်တော်ယာဉ် အမှတ် 7N-3386 ဖြင့်သယ်ဆောင်လာပြီး (.၁၁.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ မှသွားရောက် စစ်ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကလေးမြို့ရှိ အောင်ရတနာ နှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ( ၁၇.၁၂.၂၀၂၅ ) ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းတည်ရှိသည့် အောင်ရတနာ အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည့် နှစ်ပြန်ကြော်အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အောင်ရတနာ အမှတ်တံဆိပ် နှစ်ပြန်ကြော် ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အားပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ဟုမ္မလင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) သည် ဟုမ္မလင်းမြို့၊ မြို့ဈေးအတွင်း ရောင်းချလျက်ရှိသည့်ကုန်စုံဆိုင်များအား မိတ်ဖက်ဌာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသည့် သွားတိုက်ဆေးအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ )ပါ မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင် ရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံနည်းလမ်းများအတိုင်း ထားသိုရောင်းချခြင်း ရှိ/ မရှိများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     ဆန်စျေးကွက်စျေးနှုန်းနှင့် Consumer Packaging များတွင် ရောင်းချရန်အတွက် သင့်တင့်မျှ တသောဆန်စျေးနှုန်းများအား ထုတ်ပြန်ကြေငြာလျက်ရှိရာ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တို့သည်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ရှိ ဆန် အ‌ရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည် ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ တိုးချဲ့ရပ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ လ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ တိုးချဲ့ရပ်သို့ သွားရောက်၍ စားအုန်း ဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စားလှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချ ကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြိတ်ခရိုင်းအတွင်းရှိ ထုတ်ကုန်များအားထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိ စေရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် မြိတ်မြို့၊ ဇေယျာသီရိ(၁)ရပ် ရှိ Lucky Food Service လုပ်ငန်းရှင်သည် မြိတ်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူရေးရာဦးစီးဌာနတွင် ခရိုင်ဦးစီးမှူးနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်မြို့အတွင်း ထုတ်ကုန်အသစ်ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာဌာန ခွင့်ပြုချက်များရယူရန် ထုတ်ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားအား ပြည့်စုံစွာဖော် ပြပါရှိစေရန်နှင့် ကုန်းအညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များအား ရှင်းလင်းပြောကြားပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှု ကဏ္ဍနှင့် စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ပေးပို့ ရေးပြုလုပ်သည့် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းကားဂိတ်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့သည် ပခုက္ကူ မြို့ပေါ်ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာများ ပေးပို့သည့် ယာဉ်လိုင်းများအား  ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါကြောင်း၊  မိမိတို့ ယာဉ်လိုင်း များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူ များ၏ လိုအင်ဆန္ဒများနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ခရီးသည်ပို့ဆောင်မှု အခြေအနေများ၊ ကုန်စည်တန်ဆာများပေးပို့မှု အခြေအနေများ၊ အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးခြင်းဖြင့် ယာဉ်မတော်တဆကိစ္စရပ်များအား အတိုင်းအတာတစ်ခုထိ လျော့ချနိုင်ကြောင်း၊ ဥပမာ သတ်မှတ် လူဦးရေထက်ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်မောင်းအရက် သေစာ သောက်စားထားခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိစေရန် လိုအပ်ကြောင်း၊ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်မှု နှင့် ကုန်စည်တန်ဆာ ပေးပို့ ရေးစသည့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိရာ ထိုဝန်ဆောင်မှုများကို အသုံးပြုသည့် စားသုံးသူ များအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်၊ နစ်နာဆုံးရှုံး မှုများဖြစ်လာပါက ဖြစ်သင့် ဖြစ်ထိုက်သော ကုစားခွင့်ရရှိစေရန်နှင့် မိမိတို့ဘက်မှ သတင်းအချက်အလက်များကိုလည်း  ရှင်းလင်း စွာ ကြိုတင်အသိပေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ စားသုံးသူများ အနေဖြင့် စားသုံးသူ အခွင့်အရေးပြည့်ဝစွာရရှိမည်ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများကို နှစ်ဦးနှစ်ဖက်၊ စားသုံးသူ(သို့မဟုတ်) လုပ်ငန်းရှင်များဘက်မှ ဖြစ်ပေါ်လာသည်ဆိုပါက သက်သေအထောက်အထားများနှင့်တကွ စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်း စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ဒီဇင်ဘာလ အတွင်းတွင် ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့်  ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အ.မ.က(၇၊ ၈၊ ၉၈၊ ၁၅၀) ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/သူများ၊ ခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံမှ အနောက် ပိုင်းရပ်ကွက်ရှိ အ.မ.က ကျောင်းများတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ် တာဝန်ခံမှ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၁)ကြိမ် စုစုပေါင်း(၈)ကြိမ် ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ