Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မှော်ဘီမြို့နယ်၊ အင်ကြင်းယာဉ်မောင်းသင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

          (၁၉.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် အင်ကြင်းယာဉ်မောင်းသင်တန်းသား (၁၅)ဦးအား တပ်ကြီးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်ခွဲရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

          ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက (CICC)များနှင့် Consumer Call Center (1535)သို့ ခေါ်ဆိုတိုင်ကြားနိုင် သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်၊ အထယုကျေးရွာသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အထယုကျေးရွာသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှုဝယ်ယူရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ Conusumer Call Center (1535) သို့လည်း ခေါ်ဆို၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ အထယုကျေးရွာမှ(၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ပခုက္ကူခရိုင်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းကျင်းပ

     မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအား မကွေး တိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာခန်းမ၌  (၁၈.၈.၂၀၂၅) ရက်နေ့မှ(၂၀.၈.၂၀၂၅)ရက်နေ့အထိ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာရုံးများမှ ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြု နည်းသင်တန်းကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူ က မဲပေးစက်တည် ဆောက်ပုံနည်းလမ်းများ၊ မဲပေးစက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံများ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက် ပုံနည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနည်းလမ်း တို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး အသိပညာပေးသင်ကြားပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (၁၂)ဦးတက်ရောက်ခဲ့ပါသည်။ မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းသို့ တက်ရောက်သော သင်တန်းသား/ သင်တန်း သူများက သိရှိလို သည့်အချက်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူက ပြန်လည်ရှင်းလင်း ပြသပေးခဲ့ပြီး ခရိုင်/မြို့နယ် အဆင့် ဝန်ထမ်းဦးရေ(၆၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မကွေး)

 

မော်လမြိုင်မြို့နယ်ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေး

       ၂၉.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးဌာနခွဲ တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် မော်လမြိုင်မြို့ပေါ်ရှိ ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သော Myanmar Net 5BB WelinkMPT Mytel Stream Link MBT ကုမ္ပဏီ (၈) ခုသို့ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မှီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် လက်ကမ်းကြော်ငြာများနှင့် ရုံးတွင်ဗီနိုင်းဆိုင်းဘုတ်များကပ်၍ ဆောင်ရွက်ထားရန်၊ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လိုအပ်သည်များကို အကြောင်းကြားရန်ပြောကြားခဲ့ပြီး စာချုပ် စာတမ်းများထားရှိမှုနှင့်ဖြစ်လာသော ပြဿနာများအား ဖြေရှင်ဆောင်ရွက်ရန် Call Center များ ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

       ၂၈.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် အထည်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက် အထားများဖြစ်သည့် လုပ်ငန်းအတွက် ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

    ၂၉.၈.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ‌ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို လူစည်းကားရာနေရာများဖြစ်သော လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကလေးအလုပ်သမားလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ် သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းများစသည့် အချက်များပါဝင်ကြောင်း သိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အ.ထ.က (သုခဝတီ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်

       ၂၇..၂၀၂ရက်နေ့ ‌နေ့လယ်  (:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည် မော်လမြိုင်မြို့နယ်၊ အ.ထ.က (သုခဝတီ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ အကြောင်းအရာများအား www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ () ဦး၊ ကျောင်းသား/ကျောင်းသူ (၃၁၃) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အ.ထ.က (၁၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်

       ၂၇..၂၀၂ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင် မြို့နယ်၊ အ.ထ.က (၁၁) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ အကြောင်းအရာများအား www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ () ဦး၊ ကျောင်းသား/ကျောင်းသူ (၂၁၆) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် စားအုန်းဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

      ၂၇.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ခေတ္တမြို့နယ်တာဝန်ခံ ဦးစည်သူသည် ကျိုက်ထိုမြို့၊ တောင်သူစု ရပ်ကွက်၊ အောင်သီရိမြိုင်(၂)လမ်း၌ စားအုန်းဆီရောင်းချနေသော လက်လီဆိုင်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကား ရောင်းချနေသော ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို ဗီနိုင်းများချိတ်ဆွဲရောင်းချ စေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%) အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်နှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိ‌ ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

       ၂၇.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ခေတ္တမြို့နယ်တာဝန်ခံ ဦးစည်သူသည် ကျိုက်ထို မြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ကျိုက်ထိုမြို့နယ်ခေတ္တမြို့နယ်တာဝန်ခံက ဆီလက်ကားကိုယ်စားလှယ် (၁) ဦး၊ ဆီလက်လီကိုယ်စားလှယ် (၃) ဦးတို့အား တွေ့ဆုံ၍ ကျိုက်ထိုမြို့နယ် ဆီခွဲတမ်း ရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့်တပြေညီ ဆီထုတ်ယူပေးနိုင်ရန်၊ ဆီလက်ကား ကိုယ်စားလှယ်များမှလည်း ရရှိသည့်ဆီများကို စနစ်တကျရောင်းချသွားရန်၊ သတ်မှတ်ဈေးနှုန်း ဖြင့်ပြည်သူလက်ဝယ်တို့အရောက်ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သောနေရာ များသို့ မရောင်းချမိစေရန် လိုအပ်ကြောင်း၊ ကျေးရွာများသို့ဆီအရောင်းကိုယ်စားလှယ်များက လည်း ရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့်အညီ ‌ရောင်းချ‌ပေးနိုင်ရန်ကို အပတ်စဉ်ထုတ်ယူ ရောက်ရှိလာသည့် စားအုန်းဆီများ၏ ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများညီမျှရန် စားသုံးသူပြည်သူများ သက်သာချောင်ချိစွာဝယ်ယူနိုင်ရန်လိုအပ်ပါကြောင်း မိမိတို့ဌာနအနေဖြင့် လည်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း တက်ရောက်လာသော ဆီလက်လီ/လက်ကား ကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ