Main menu

တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk အစီအစဉ် ကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန် ဗဟုသုတ တိုးပွားစေရန် နှင့် HR ကဏ္ဍတိုးတက် မြင့်မားစေရေး ရည်ရွယ်၍ ဦးစီးဌာန၏ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ “Thursday Talk” အခမ်းအနားကို ၁၂.၆.၂၀၂၆ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

               အဆိုပါ အခမ်းအနားတွင် တောင်ငူခရိုင်ဦးစီးမှူးရုံး၊ အုတ်တွင်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် ဒုတိယဦးစီးမှူးက ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိ၍ ဒေသတွင်း စားသုံးဆီဖူလုံရေးမှသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောဆွေးနွေးချက်များအပေါ် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက အပြန်အလှန် ဆွေးနွေးပေးခဲ့ကြပြီး “Thursday Talk” အစီအစဉ် ကျင်းပခြင်းကို (၁၅:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)