Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံဦးစီးမှူးများအား ဆန်စက်နှင့် သိုလှောင်ရုံ ကိစ္စများနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေး

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် မြို့နယ်တာဝန်ခံ(၄)ဦးနှင့် ZoomMetting အသုံးပြု၍ မိမိတို့ဌာန၏ အရေးကြီးလမ်းညွှန်ချက်များကို စီမံဆောင်ရွက်နိုင်ရန်ဆွေးနွေးပွဲကို ၂၃-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀၃၀ အချိန်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

            မအူပင်ခရိုင်ဦးစီးမှူး ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးများ မိမိမြို့နယ်အတွင်းမှ အခြားဒေသသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် ကုန်ပို့လွှာများ ဆောင်ရွက်လျက်ရှိရာ မိမိမြို့နယ်များရှိ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ ယနေ့အထိ ဆန်နှင့်ဆန်ကွဲတင်ပို့မှုစာရင်းအား နေ့လည် ၁၄:၀၀နာရီအရောက် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြရန်နှင့် ခရိုင်ဦးစီးမှူးရုံးမှ တိုင်းရုံးသို့ ဆက်လက်တင်ပြရမည်ဖြစ်၍ အလေးထားဆောင်ရွက်ပေးပါရန်ကိုလည်းကောင်း၊ MyRo တွင် မှတ်ပုံတင် ထားသော လုပ်ငန်းရှင်များအနေဖြင့် (၁)ရက်နေ့မှ (၇)ရက်အတွင်း မိမိမြို့နယ်ရှိ ဆန်၊ စပါးလက်ကျန်စာရင်း မဖြစ်မနေဖြည့်သွင်းရန်ကို အသိပေးဆောင်ရွက်စေရန်၊ ဆန်စက် ကြီး၊ လတ်၊ငယ် စာရင်းများ လစဉ်စာရင်း ကောက်ခံထားရန်၊ Gasifier Boiler အရေအတွက်ကို ကောက်ခံထားရန်၊ စပါးသစ်လက်ကျန်၊ စပါးဟောင်းလက်ကျန် စာရင်များကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အပတ်စဉ် တင်ပြနိုင်ရေးအတွက် မိမိမြို့နယ်အလိုက် စာရင်းပြုစု ပေးပို့ဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊ စားအုန်းဆီနှင့် ပတ်သက်၍ မှန် ၆မှန်အတိုင်းတိကျစွာဆောင်ရွက်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပြည်တွင်းကုန်သွဘ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို တက္ကသိုလ်၊ တပ်ရင်းတပ်ဖွဲ့နှင့်၊ အသင်းအဖွဲ့၊ ဘဏ်၊ အကျဉ်းထောင်များတွင် အသိပညာပေးခြင်းလုပ်ငန်း ပိုမိုဆောင်ရွက်စေရန် တို့ကို မှာကြားခဲ့ပြီး မြို့နယ်များမှ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးတင်ပြခဲ့ပြီး အစည်းအဝေးကို (၁၁၃၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ

                  မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည်(၂၃-၁၂-၂၀၂၅)ရက် နေ့၊‌ နေ့လယ်(၁၂:၀၀)အချိန်တွင်ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညောင်တုန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့်  တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။

               အဆိုပါတွေ့ဆုံ  ဆွေးနွေးရာတွင်မြို့နယ်ဦးစီးမှူးဦးအောင်လွင်က  လက်ရှိ စပါးထွက်ရှိမှုအပေါ်ဝယ်ယူနေမှု ဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံ စက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊မြို့နယ် ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေး အတွက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင် ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊  Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊  ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ မိမိမြို့နယ်အတွင်းမှ အခြားဒေသသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် ကုန်ပို့လွှာများ ဆောင်ရွက်လျက်ရှိရာ မိမိမြို့နယ်များရှိ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ ယနေ့အထိ ဆန်နှင့်ဆန်ကွဲတင်ပို့မှုစာရင်းအား ခရိုင်ရုံးသို့ အချိန်မီတင်ပြရမည်ဖြစ်သဖြင့် မို့နယ်ဦးစီးမှူးရုံးသို့ ကုန်ပို့လွှာဖြင့် တင်ပို့သော စာရင်းများရှိပါက နေ့စဉ်ပေးပို့နိုင်ရန်ကို ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ဆန်စက်လုပ်ငန်းရှင် (၁၂)ဦးတက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

                  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းနှင့် ဝန်ထမ်းများ သည် ၂၄.၁၂.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် ဓနုဖြူမြို့၊ စည်ပင်သာယာဈေး  ရှိ ဝင်းဝင်း (ကုန်စုံဆိုင်) တွင် ရောင်းချနေသော ငရုတ်ဆီ၊ ခရုဆီ ဟင်းချက် ရသာကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီ ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                                 ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပါ ရှာလကာရည်နှင့် ခရုဆီ၊ ငရုတ်ဆီ၊ ဆီသွပ်ဗူး သည် ငရုပ်ဆီနှင့်အချဉ်ရည်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာ တွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး သတ်မှတ်ချက်များနှင့်မညီသော ကုန်စည်များကို ရောင်းချနေကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလုပ်ငန်းရှင်အား  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝာာဝန်ရှိသူဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၄.၁၂.၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် အလယ်ပိုင်းရပ်ကွက် ဘုရင့်နောင်လမ်း အတွင်းရှိ  (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံ ခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ် အမှတ်တံဆိပ် အမျိုးမျိုး အသင့်ဖျော်ကော်ဖီတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရ မည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိ ကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းမရောင်းချရန်၊ သက်ဆိုင်ရာထောက်ခံချက်၊ ခွင့်ပြုချက် သတ်မှတ်ချက်များဖော်ပြပါရှိသော ကုန်စည်များကိုရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင် ဈေးကွက်စောင့်ကြည့် စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်အနေဖြင့် ၂၄-၁၂- ၂၀၂၅  ရက်နေ့  နံနက် ၀၈၃၀ နာရီအချိန်တွင် မြို့နယ်ဦးစီးမှူး  ဦးအောင်လွင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့သည် ညောင်တုန်းမြို့နယ် ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်း ဆိုင်အား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်လွင်ဦးစီးအရာရှိက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပုံမှန်ဆီရောင်းချရန် ဆီကားရောက်ရှိမှု အခြေအနေအခက်အခဲများရှိမရှိ၊ ရောင်းချသည့် ဆီဆိုင်လက်ကျန်အခြေအနေများ၊ နေ့စဉ် ဆီဈေးနှုန်း ဆိုင်းဘုတ်ဖြင့်ဖော်ပြရောင်းချခြင်း ရှိမရှိ၊ စက်သုံးဆီရောနှောရောင်းချခြင်း ရှိမရှိ ဆီနမူနာ ယူခြင်းများ၊စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

                စားသုံးသူပြည်သူများ ကျန်းမာရေး အိမ်သုံးဆေးများကို  သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ စံမမီဆေးဝါးများ သုံးစွဲမှုမရှိ ဈေးကွက်အတွင်းပပျောက်စေရေး  ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ ရောင်းချဖြန်ါဖြူးခြင်း မရှိစေရန် နှင့် နေ့စဉ်ဝယ်ယူအသုံးပြုသူ စားသုံးသူတို့အတွက် ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့အနေဖြင့် ၂၄-၁၂-၂၀၂၅ရက်နေ့ နံနက် ၀၈၃၀ အချိန်က ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

                   စစ်ဆေးဆောင်ရွက်ရာတွင် ကမ်းနာလမ်းရှိ ရိုဇီ ဆေးဆိုင်၊ မြမြဆေးဆိုင်၊ ကျားဗိုလ်ဆေးဆိုင် အား သက်ဆိုင်ရာဌာန ထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း များနှင့်ကိုက်ညီသော ဆေးဝါး များသာရောင်းချစေရေး သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆေးဝါးများရောင်းချရာတွင် လက်ကားဈေး အပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့်သက်တမ်းလွန်ဆေးဝါးများကို သက်တမ်းအတုများ ဖော်ပြ၍ လိမ်လည်လှည်းဖြား ရောင်းချခြင်းမပြုရနန် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း အပတ်စဉ်တိုင်း ကွင်းဆင်းစိစစ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီရောင်းချသော ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                     (၂၄.၁၂.၂၀၂၅) ရက်နေ့ (၀၉:၀၀)အချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မီမှတိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသအရောက်ဈေးနှုန်းများဖြင့် စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်ချ‌ေပး‌သည့်စားအုန်းဆီများအား မှန်ကန်စွာရောင်းချမှုရှိမရှိကို ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးအောင်လွင် က ညောင်တုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကား အရောင်းဆိုင်နှင့် လက်လီအရောင်ဆိုင်များမှ စားသုံးသူ ပြည်သူများသို့ စားသုံးဆီဝယ်ယူခွင့် စာအုပ်ဖြင့် သတ်မှတ်ရည် ညွှန်းဈေး အ‌ပေါ်တွင် သယ်ယူခနှင့် အမြတ်၂ရာခိုင်နှုန်းယူ၍ ရောင်းချမှု၊ အချင်အတွယ် အလေးချိန် မှန်ကန်မှုရှိ/မရှိ၊ လက်ကား၊ လက်ဆီဆိုင်များမှ စာရင်းမှန်ကန်စွာရောင်းချမှု ရှိ စေရန် တို့အား ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပြီး နေ့စဉ် ရရှိသောစာအုန်းဆီများအား စားသုံးသူပြည်သူများထံသို့ ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချရေးနှင့် ဈေးနှုန်းမြှင့်ရန် ရည်ရွယ်ချက်ဖြင့် သိုလောင်ထားခြင်းမပြုရန်နှင့်‌ ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ခရီးသွားဝန်ဆောင်မှုနှင့်ပါတ်သက်၍ ကွင်းဆင်းဆောင်ရွက်

           ၂၃-၁၂-၂၀၂၅ရက်နေ့ နံနက်(၁၀)နာရီအချိန်က မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ခရီးသွားဝန်ဆောင်မှုနှင့်ပါတ်သက်၍ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းပြီးသတ်မှတ်ချက်များနှင့် အညီဆောင်ရွက် နေမှုရှိ/မရှိ စားသုံးသူများနစ်နာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

       စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်ပြီး ညောင်တုန်းမြို့ရှိ ငြိမ်းချမ်းအောင် ကားဝန်ဆောင်မှုလုပ်ငန်း၊ ရိန်းဂျားနှင့်  ဗဟို၊ အဆင့်မြင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ တို့ကို ခရီးသွားဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး စစ်ဆေးခဲ့ပြီး ကားဂိတ်တာဝန်ခံများကို ခရီးသွား ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ လိုအင်ဆန္ဒနှင့် အညီလုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေ သည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည် တန်ဆာပေးပို့မှုအခြေအနေများကို တိကျမှန်ကန်စွာ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ အာမခံချက်နှင့်အညီ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး၊ စားသုံးသူဝန်ဆောင်မှုကို အသုံးမပြုမီ ကြိုတင်သတင်းအချက် အလက်များကြော်ငြာထားနိုင်ရန်တို့ကို လည်းကောင်း၊ မိမိတို့ဌာန၏ လုပ်ငန်း လမ်းညွှန်ချက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းခြင်း  သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Hi-Song Family Co;Ltd ၏ ဆေးဆိုးချည်ထည်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၄)ဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ်  (၄:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ အမှတ်-ခ/၁၇(ကခ)၊ ပတ္တမြားရပ်  စက်မှုဇုန်တွင်တည်ရှိသည့် Hi-Song FamilyCo;Ltd ၏ ဆေးဆိုးချည်ထည်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံ၏လုပ်ငန်းလည်ပတ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်တွင်အမှန်တကယ်လည်ပတ်ခြင်း ရှိ/မရှိ၊ ကုန်ထုတ်လုပ်မှုအခြေအနေ၊ အမှန်တကယ် ကုန်ပစ္စည်းလိုအပ်မှု ရှိ/မရှိ စသည့်အခြေအနေများကို  မြေပြင်ကွင်းဆင်း၍ လေ့လာမေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် ခရီးသွားဝန်ဆောင်မှုနှင့်ပါတ်သက်၍ ကွင်းဆင်းဆောင်ရွက်

                   ၂၄-၁၂-၂၀၂၅ရက်နေ့ နံနက်(၁၀)နာရီအချိန်က မအူပင်မြို့နယ် ခရီးသွားဝန်ဆောင်မှုနှင့်ပါတ်သက်၍ မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်းပြီးသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်နေမှုရှိ/မရှိစားသုံးသူများနစ်နာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

                စစ်ဆေးဆောင်ရွက်ရာတွင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းစနစ်တကျပြေးဆွဲရေး အဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်ပြီး မအူပင်မြို့ရှိ သမာဓိ ကားဝန်ဆောင်မှုလုပ်ငန်း၊ ကြယ်ဇင်လင်း၊ သီဟနိုင်၊ အဆင့်မြင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ တို့ကို စစ်ဆေးခဲ့ပြီး ကားဂိတ် တာဝန်ခံများကို ခရီးသွားဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာ ဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည် တန်ဆာပေးပို့မှုအခြေအနေများကို တိကျမှန်ကန်စွာ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ အာမခံချက်နှင့် အညီ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး၊ စားသုံးသူဝန်ဆောင်မှုကို အသုံးမပြုမီ ကြိုတင်သတင်းအချက် အလက်များကြော်ငြာထားနိုင်ရန်တို့ကို လည်းကောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းလမ်းညွှန်ချက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းခြင်း  သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ