Main menu

အများပြည်သူသို့ စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်သုံးဆီ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ရေးကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက်(၀၈:၃၀)နာရီ အချိန်တွင် မြင်းခြံမြို့ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ ပေးနေသော လက်လီဆီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ စားသုံးနိုင်ရန်ထုတ်ပေးသော စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချ ရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်း ဆီများဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာ ရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်း ဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့ အတွက် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေးနေမှုများအား အစဉ်တစိုက်ကြီးကြပ်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)