
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဓါတ်မြေဩဇာအမှတ်တံဆိပ်အမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ ၁၉.၆.၂၀၂၅ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရွှေဖိုးတေ ဓါတ်မြေဩဇာအရောင်းဆိုင်တွင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာမျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်း (MFSPFA) အနေဖြင့် တောင်သူများအဓိက သုံးစွဲလျက်ရှိသော ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ကီလို၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို၊ D1 Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို မြေဩဇာသုံးမျိုးအား သတ်မှတ်ရည်ညွှန်းဈေးကို သတ်မှတ်ထားပြီး ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းအပေါ် ဒေသအရောက် သယ်ယူ ပို့ဆောင်စရိတ်များပေါ်မူတည်ပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက် အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)