Main menu

ဆေးဝါးပြတ်လပ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်း

Powered by Drupal

              ၂၀၂၅  ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တာမွေမြို့နယ်အတွင်းရှိ ဆေးဆိုင် များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါး နှင့်ဆေးပစ္စည်းများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)