Main menu

HighLight News

Powered by Drupal

ပန်းတနော်မြို့နယ် ဆေးဆိုင်၊ ဆန်ဆိုင်၊ စက်သုံးဆီအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၅.၆.၂၀၂၆ ရက်နေ့တွင် နံနက်(၀၉း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်၊ ဆေးဆိုင်(၆)ဆိုင်၊ ဆန်ဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        စစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်း ရန်ကုန်မှ ထုတ်ပြန်သော ဆန်စပါးကုန်စည်ဒိုင် ဈေးနှုန်းပေါ်အခြေခံ၍ အမြတ် ၂ရာခိုင်နှုန်းဖြင့် ဆန်များကို ဈေးနှုန်းဖော်ပြရောင်းချရန်ကိုလည်းကောင်း၊ ဆန်များရောင်းချရာတွင် ဆန်အိတ်လက်ကျန်၊ ရောင်းချမှုအခြေအနေများကို စာရင်းပြုစုထားပြီး ဆန်ဆိုင် ရ၊ ထုတ်ကျန်စာရင်းများကို MyRo သတ်မှတ်ရက်အတွင်း ဖြည့်သွင်းဆောင်ရွက်ရန်ကိုလည်းကောင်း၊ စက်သုံးဆီဆိုင်များအားစစ်ဆေးရာ ဆီဈေးနှုန်းတည်ငြိမ်ရေးစစ်ဆေးခြင်း၊ ဆီများ ရောနှော‌ရောင်းချမှုမရှိစေရန်၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိ၊ စက်သုံးဆီကို သိုလှောင်၍ ဈေးနှုန်း အတက်ကိုစောင့်၍ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း စစ်ဆေးခြင်း၊ ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာ ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသောဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးကာကွယ်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၅.၆.၂၀၂၆) နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်းကိုလည်းကောင်း၊ စားသုံးသူပြည်သူများ သတိပြုလိုက်နာရမည့်အချက်များ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု၊ စားသုံးသူတို့၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြား နိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် မြို့နယ်ဒေသတွင်း နေပြည်သူများမှ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းမှုအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးများသည် အသိပညာပေးဟောပြောပွဲများ၊ ဆောင်ရွက်ရာ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်ခြင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်သည့် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆိုနိုင်ကြောင်းကို အသိပညာပေးထည့်သွင်းဟောပြောခဲ့ရာ ပြည်သူများအနေဖြင့် ဆက်သွယ်မေးမြန်းသူများရှိလာကြောင်း  သိရသည်။

        ၂၀၂၆ခုနှစ် ဇွန်လ ၂၅ ရက် နံနက်ပိုင်တွင်း မအူပင်မြို့နယ်အတွင်းရှိ  ပံတပွတ်ကျေးရွာမှ ဦးဖြူအောင် စားသုံးသူအခွင့်အရေးနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သဖြင့် မည့်သို့တင်ပြတိုင်ကြားနိုင်သည့်အကြောင်းကို သိရှိလို၍ မေးမြန်းခဲ့ကြောင်း၊ ဦးဖြူအောင်၏ မေးမြန်းမှုကို ရုံးချုပ်နေပြည်တော်မှ အကြီးတန်းစာရေး ‌ဒေါ်ဖြိုးဖြိုးဝေမှ ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ အိုင်ဝိုင်းကျေးရွာမှ ဦးဇာနည်ထွန်းမှ ကုန်အညွှန်းအမှတ် အသားအကြောင်း မေးမြန်းခဲ့ရာ နေပြည်တော်မှ ဒေါ်ဖြိုးဖြိုးဝေ အကြီးတန်းစာရေးမှ ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း၊ ပန်းတနော်မြို့နယ်မှ ဒေါ်နွဲ့ရီ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ နေပြည်တော်ရုံးချုပ်မှ ဒေါ်ဖြိူးဖြိုးဝေ အကြီးတန်းစာရေးမှ ဖြေကြားခဲ့ကြောင်း၊ ညောင်တုန်းမြို့နယ်မှ (၃)ကြိမ်ခေါ်ဆိုခဲ့ရာ ဒေါ်ချိုဟန်ခြူး၊ ဒေါ်ဝင်းသီရိ၊ ဒေါ်ဖြိုးပပတို့မှ နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့ ခေါ်ဆိုခဲ့ပြီး ဒေါ်ဖြိုးဖြိုးဝေ အကြီးတန်းစာရေးမှ စားသုံးသူရေးရာဦးစီးဌာန၏ ပြည်သူများမေးမြန်းမှုကို ဖြေကြားပေးခဲ့ကြောင်း၊ ဓနုဖြူမြို့နယ်မှ ဦးကျော်မင်းထက် (၁၀)ရပ်ကွက်၊ ဦးသန့်ဇင်(၈)ရပ်ကွက်၊ ဦးဝေယံမင်းခန့် (၁၈)ရပ်ကွက်နေသူတို့မှာ နေပြည်တော်ရုံးချုပ်သို့ (၃)ကြိမ် ခေါ်ဆိုမေးမြန်းခဲ့ကြောင်း၊ တာဝန်ကျသူမှာ ဒေါ်ဖြိုးဖြိုးဝေ အကြီးတန်းစာရေးမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း မိဘပြည်သူများနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍  ကိစ္စရပ်များကို ပိုမိုသတိပြုမိလာကြပြီး စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ပိုမိုပြုလုပ်လာကြကြောင်း သိရသည်။

           မအူပင်မြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါကဖြစ်စေ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလိုပါကဖြစ်စေ ရုံးချိန်အတွင်း  Consumer Call Center နံပါတ် 1535 သို့ လိုင်းခွဲ(၁၊၂၊၃)သို့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် မုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အ.ထ.က အောက်ပိုင်းကျောင်းတွင် မုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကိုဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆၆-ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (10:30) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ Myro မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  Myro မှတ်ပုံတင်ရန် လိုအပ်ချက်များကို ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်း ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၆.၆.၂၀၂၆ရက်နေ့ နံနက်(၈)နာရီ တွင် ညောင်တုန်း မြို့ပေါ်ရှိ  အလှကုန်ပစ္စည်းများ ရောင်းချနေ​သော ကုန်စုံဆိုင်များသို့သွားရောက်၍ ကုန်စည်များပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

             ထိုသို့စစ်ဆေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် ညောင်တုန်းမြို့ပေါ်ရှိ နွေလရောင် စတိုးဆိုင်၊ လက်နှင်း စတိုးဆိုင်၊ လင်းလဲချို စတိုးဆိုင်၊ မနွေးနွေး အလှကုန်ဆိုင် (၄)ဆိုင်မှ ရောင်းချနေသော စျေးကွက်အတွင်း ထုတ်လုပ်တင်သွင်း ရောင်းချလျှက်ရှိ​သော အလှကုန်ပစ္စည်း အမျိုးမျိုးပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပ​ဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်​စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်​စေ တွဲလျက် ဖော်ပြရမည်ဖြစ်​ကြောင်းနှင့် တားမြစ်အလှကုန်များကို ဈေကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်အလှကုန်များ ဈေးကွက်အတွင်း ရှိ/မရှိကို စစ်ဆေး‌ဆောင်ရွက်ပြီး  စီးပွားရေးလုပ်ငန်းရှင်များအ​နေဖြင့်  လိုက်နာ​ဆောင်ရွက်ခြင်း ရှိ/ မရှိ စျေးကွက်​စောင့်ကြည့် စစ်​ဆေးခြင်း​ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဓနုဖြူ စားအုန်းဆီလက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊  ဓနုဖြူမြို့နယ်စားအုန်းဆီ လက်ကားရောင်းဝယ်ရေး ကိုယ်စားလှယ်လုပ်ငန်းရှင်(၂)ဦး လက်လီရောင်းချသူ လုပ်ငန်းရှင်(၃)ဦးနှင့် မြို့နယ်ဦး စီးမှူးရုံးတွင် (၂၆.၆.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် တွေ့ဆုံ၍  လက်လီ/လက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးရာတွင် သတ်မှတ်စည်းကမ်းများတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်၊ ဌာန၏ အမိန့်ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

         မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက လုပ်ငန်းရှင်များကိုဆွေးနွေးခဲ့ရာ ဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ အများပြည်သူများ သုံးစွဲနိုင်ရန် စားအုန်းဆီများ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ကြပ်မတ်ဆောင်ရွက်နေပြီး သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိရေးကို ထိန်းကြောင်းဆောင်ရွက်လျက်ရှကြောင်း၊ ဆီများကို ဖြန့်ဖြူးရာတွင် ဖြန့်ဖြူးမှု မှတ်တမ်း (၆)မျိုး၊ မှန် ၆မှန် ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆)မှန် ဖြစ်သော (က) လက်ကား၊ လက်လီစာရင်းမှန်၊ (ခ)နေရာမှန်၊ (၁) ဈေးကွက်ဖြန့်ဆီ၊ (၂)ဈေးကား ဆီ၊ (၃)အရံဆီ၊ (၄)စက်မှု ကုန်ကြမ်းဆီ၊ (ဂ) အချိန်မှန်၊ ဈေးနှုန်းမှန်၊ (ဃ) ဈေးနှုန်းမှန်၊ (င)အရေအတွက် မှန်၊ (စ)အချိန်အတွယ်နှင့် အရည်အသွေးမှန်၊ ဖြန့်ဖြူးကြစေရန်ကို အထက်ဌာနမှ လမ်းညွန်မှာကြား ဆောင်ပုဒ်ထား၍ အမှန်တကယ် နေရာများသို့ ရောက်ရှိနိုင်အောင် ဝိုင်းဝန်းစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ‌ကြောင်းနှင့်  စားသုံးသူကာကွယ်ရေး၊ ဥပဒေ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍  စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး  ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်နှင့်ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

           ပြည်တွင်းဆန်စက်များ စစ်ဆေးခြင်းသည် ဆန်အရည်အသွေး၊ သိုလှောင်မှုနှင့် သတ်မှတ်ဈေးနှုန်းများ စနစ်တကျ ရှိ/မရှိ  (၂၆-၆-၂၀၂၆) ရက်နေ့၊  နံနက်(၁၀း၃၀)  နာရီအချိန်တွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်များတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့က ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်စက်များတွင် စပါး၊ ဆန်၊ ဆန်ကွဲတို့၏ အရည်အသွေးများကို စစ်ဆေးခြင်း၊ သိုလှောင်ရုံပမာဏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိနှင့် မြေပြင်လက်ကျန်စာရင်းများ ကောက်ယူခြင်း၊ ပြည်ပ (ဥပမာ- တရုတ်နိုင်ငံ) သို့ ဆန်တင်ပို့ရန် လျှောက်ထားသည့် ကုမ္ပဏီများ၏ ဆန်စက်များကို အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ သတ်မှတ်ချက်များ- စစ်ဆေးရာတွင် MRF မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့်သာ ရောင်းချရန်လိုအပ်ပြီး၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး ဆန်စက်များ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်ပသို့ဆန်တင်ပို့ခြင်း ဆိုင်ရာစစ်ဆေးမှုလုပ်ငန်းစဉ်များကို ဆန်စက်များ မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံခွင့်ပြုချက် လျှောက်ထားခြင်းတို့ကို မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီ၊ အချိုရည်မုန့်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိရပ်ကွက်များနှင့် မြို့မစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီ၊ အချိုရည်နှင့် မုန့်အရောင်းဆိုင်များအား ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၆-၆-၂၀၂၆ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့မစျေးကြီးနှင့် ရပ်ကွက်စျေးဆိုင်များ၌ တံဆိပ်အမျိုးမျိုးကပ်၍  မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများတွင် စံမညီသည့် စားသုံးဆီများ၊ ရောဆီများ ရောင်းချခြင်း ရှိ/ မရှိ၊ အချိုရည်ဘူးများတွင် ကလေးများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထုတ်လုပ်ကုန်တံဆိပ်နှင့် ပါဝါသကြား၊ အနှံတုများနှင့် ခွင့်မပြုသောဆိုးဆေးများ ထည့်သွင်းထားခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးကာ စျေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့သည်။ စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍  ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ  ပါရှိမှု ရှိ/ မရှိ  ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန် ယခုဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်  ဦးစားပေးကုန်စည် အမျိုးအစား(၁၀)မျိုးအား သတ်မှတ်ကာလများအတိုင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များအား လစဥ်ပုံမှန်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News