Main menu

HighLight News

Powered by Drupal

ကလေးဝမြို့တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း

              ( ၂.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်စန်းစန်းထွေးဆိုင်သို့ သွားရောက်၍ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတိုဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားပြုလုပ်ကျင်းပ

             ( ၂.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စုပေါင်းရုံးခန်းမတွင် ( ၃.၇.၂၀၂၅ ) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်အဖြစ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆုရရှိသည့် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများ၊ ကပြဖျော်ဖြေပေးကြသည့် အကအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နီလာခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများ၊ ကပြဖျော်ဖြေပေးကြသည့် အကအဖွဲ့များအား ဆုချီးမြှင့်ပေးခဲ့ပြီး မြို့မိ၊ မြို့ဖအဖွဲ့မှလည်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်ရှိ ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၇.၇.၂၀၂၅ နေ့၊ နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားဆီရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးပူးပေါင်းအဖွဲ့ဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးကောင်းစီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပါဝင်ပြီး မအူပင်မြို့နယ် လက်လီ/ လက်ကားဆီဆိုင် (၈)ဆိုင် အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိမရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး ဒုခရိုင်ဦးစီးမှူးက စားအုန်းဆီ လက်ကား/ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းများဖော်ပြ၍ ရောင်းချမည့် ဆီပိဿာများကို မြင်သာသောနေရာတွင် ချိတ်ဆွဲကာဗီနိုင်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရက်များအတွင်း ဆီစာအုတ်ဖြင့် ဝယ်ယူထားရှိမှု စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ရည်ညွှန်ဈေးထက်ကျော်လွန်ရောင်းချသူများအား သတိပေးစာဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ဆီစာအုတ်များ ပျက်စီးပျောက်ဆုံးခြင်းဖြစ်ပေါ်ဘာပါက  ဆီဆိုင်များမှ မှန်ကန်ကြောင်းထောက်ခံစာ ပေးနိုင်ရန် အသိပေးဆောင်ရွက်ခြင်း၊ ဝယ်သူနှင့် ရောင်းချသူများအကြား တိုင်ကြားခြင်းမျိုး မရှိစေရန် ပညာပေးပြောကြားခဲ့ပြီး၊ မအူပင်ဈေးကွက်အတွင်း ဆီဆိုင်များ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမျိုးကို စစ်ဆေးတွေ့ရှိရပြီး ကုန်ဈေးနှုန်းတည်ငြိမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၈-၇-၂၀၂၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပန်းတနော် အနောက်ပိုင်းရပ်ကွက် မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်(၆၅နှင့်  မြို့မဈေးရှိ အလှကုန်ပစ္စည်းရောင်းချ သောဆိုင်(၇) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် စစ်ဆေးရေးအရာရှိများက လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင်ဖြန့်ဖြူး ရောင်းချနေခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တားမြစ်အလှကုန်များရောင်းချခြင်း၊ သတ်တမ်းလွန်အလှကုန်များရောင်းချခြင်း၊ တရားမဝင်အလှကုန်များရောင်းချခြင်းနှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော အလှကုန်များ မြို့နယ်ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရန် ပညာပေးခဲ့ပြီး ဈေးကွက်အတွင်း စစ်ဆေးဆောင်ရွက်သည့်အခါ စစ်ဆေးတွေ့ရှိပါက FDAဌာန၏ ဥပဒေ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများ၊ တရားမဝင်တင်သွင်၊ ဖြန့်ဖြူးရောင်းချမှု ဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းအသိပေးခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ ဆေးဆိုင်ကြီးများအား  ဆေးဝါး ဈေးနှုန်းကြီးမြင့်မှု ရှိ/မရှိနှင့် ဆေးပြတ်လပ်မှု ရှိ/မရှိ စစ်ဆေးခြင်း

           မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများတွင် ဆေးပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို ၇-၇-၂၀၂၅ ရက်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ပန်းတနော်မြို့နယ်အတွင်း အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နျင့် အနောက်ပိုင်းရပ်ကွက်အတွင်း ရှိ ရောင်းချနေသော ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ကျန်းမာရေး သုံးဆေးဝါးဈေးနှုန်းများ၊ ဆေးပြန်လပ်မှု ရှိ/မရှိဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲထားရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆေးဆိုင်များ သတ်မှတ်ချက်နှင့် အညီရောင်းချလျက်ရှိပြီး ရန်ကုန်မှ ဆေးများ မှာယူရောင်းချကာ ရန်ကုန်အထိုင်ဈေးအပေါ် သင့်တင့်သော ဈေးနှုန်းဖြင့်သာ ပြန်လည်ရောင်းချပြီး၊ တိုင်းရင်ဆေးအမျိုးမျိုးတွင် လိုင်စင်သတ်တမ်းနှင့် ထောက်ခ့ချက် ခွင့်ပြုချက်ပါသော ဆေးမျိုးကိုသာရောင်းချလျက်ရှိပြီး ဆေးများ မှာယူရ အဆင်ပြေလျက်ရှိကြောင်း မြို့နယ်တွင်း ဆေးများပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ လက်ကား ဆန်ဆိုင်ကြီးများအား သတ်မှတ်ချက်များနှင့် အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

             မအူပင်ခရိုင်၊ ပန်းတနော်မြို့အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်စျေးနှုန်းများ မြင့်တက်မှုမရှိစေရေး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိစေရေး၊ ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သင့်တင်သော ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း ရှိမရှိကို (၆-၇-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ပူးပေါင်း၍ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး  ပန်းတနော်မြို့နယ်မှ တာဝန်ရှိသူများက ဆန်ဆိုင်မှ ဆန်ဈေးနှုန်း စာရင်းများ၊ ရောင်းချသည့် ဆန်အမျိုးအစားများ၊ ဆန်လက်ကျန်စာရင်းများ၊ ဆန်ဝယ်ယူရောင်းချမှု အခြေအနေများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိကို စစ်ဆေးခြင်း၊ မှတ်ပုံတင်သတ်တမ်းတိုးဆောင်ရွက်ရန်ရှိပါက သတ်တမ်းတိုး ဆောင်ရွက်နိုင်ရန် ကိုလည်းကောင်း မှာကြားပြီး ဆန်များအားသတ်မှတ်ထားသည့် စျေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြား၍ ဆန်ဆိုင်များ ဈေးနှုန်း တည်ငြိမ်စွာရောင်းချနိုင်ရေးကို ဌာနဆိုင်ရာများနှင့်အတူ လစဉ် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေး

             ဓနုဖြူမြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်း ကို(၈-၇-၂၀၂၅) ရက်နေ့  ညနေ (၄) နာရီက ဓနုဖြူမြို့နယ်ရပ်ကွက်များရှိ အချိုရည် လက်ကား စတိုးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ စတိုးဆိုင်များတွင် ရောင်းချနေသည့် ဆိုင်များ၌  အသင့်သောက်အချိုရည်အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိတို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့‌ကြောင်း သိရသည်။

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ အသင့်သောက်အချိုရည်များတွင် ထောက်ခံချက်၊ ခွင့်ပြုချက်ပါဝင်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် တွင်ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုး ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌  မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ မုန့်ဆိုင်နှင့် စတိုးကုန်စုံဆိုင်များမှ အသင့်စားမုန့်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့သည် (၇-၇-၂၀၂၅) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

             စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဦးဝင်မင်းစိုးက  ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား ကုန်အညွှန်းပြည့်စုံမှု ရှိ မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ဈေးကွက်အတွင်း ရောနှောရောင်းချခြင်းမျိုးရှိ/မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စား အစားအစာများ ရောင်းချမှုရှိ/ မရှိ လိုက်လံစစ်ဆေးခြင်း၊ ဆိုင်ရှင်များကို ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်သည့်မုန့်များ မရောင်းချရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့်အချက်အလက်များနှင့် ကိုက်ညီသော မုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များအကြောင်း တို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြို့ပေါ်ရှိ စားအုန်းဆီလက်ကားအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီရောင်းချမှု ရှိ/ မရှိ စစ်ဆေး

           မအူပင်ခရိုင် ဓနုဖြူမြို့၌ စားသုံးသူပြည်သူများအား စားအုန်းဆီများကို ဆီထုတ်ယူခွင့်စာအုတ် ဖြင့် သတ်မှတ်ရက်များအတွင်း ဝယ်ယူရရှိနိုင်ရေးကို  စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချသောဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ၂၀၂၅ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

            စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် တာဝန်ခံ ဦးဝင်းမင်းစိုးက ဈေးကွက်အတွင်း နေ့စဉ်သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မြင်သာသောနေရာဆွင် ဗီနိုင်းချိတ်ဆွဲပြီး ရောင်းချသည့် ပိဿာဖော်ပြထားခြင်းရှိ/ မရှိကို ကုန်စုံဆိုင်(၁၀)တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုပါစားအုန်းဆီသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်းဆီများဖြစ်ပြီး မြို့နယ်အလိုက် ဆီပေပါခွဲတမ်းများအား စနစ်တကျထုတ်ယူငွေပေးချေပြီး မြို့နယ်ဆီကိုယ်စားလှယ်များက ထုတ်ယူပြီး ပြည်သူများကို ဝယ်ယူနိုင်ရန် သတ်မှတ်ချက်အတိုင်းရောင်းချနိုင်စေရေးနှင့် ပြည်သူ တစ်အိမ်ထောင်လျှင်(၁)ပိဿာ ၅၀ နှုန်း၊လစဉ်သတ်မှတ်ရက်အတွင်း ဝယ်ယူရရှိနိုင်ရေးတို့ကို ဌာနမှ  ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရောင်းချသူလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ရန် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံအရသာအတွက် အသုံးပြုသောပစွည်းအမျိုးမျိုး ကွင်းဆင်းစစ်ဆေး

            မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနျင့် ဝန်ထမ်းများ’သည် (၆-၇-၂၀၂၅) ရက်နေ့ နံနက် (၀၉၃၀) အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင်များဖြစ်သော ဆိုင်ရှင် ဦးသိန်းနွယ်ဆိုင်၊ ဦးကြည်အေးကုန်စုံဆိုင် ၅ရပ်ကွက်ကုန်စုံဆိုင်၊ ဒေါ်မြင့်မြင့်ကြည် ပဒေသာကုန်စုံဆိုင် ၄ရပ်ကွက်ကုန်စုံဆိုင်၊ စောမော်စီတုန်း ​စောမော်စီတုန်းကုန်စုံဆိုင် ၁၈ရပ်ကွက် ကုန်စုံဆိုင်များမှ ‌ရောင်းချနသော ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

            စစ်ဆေးရာတွင် ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ကုန်စုံဆိုင်များမှ ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိမရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဓနုဖြူဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သတ်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News