Main menu

HighLight News

Powered by Drupal

Ve Ve အချိုရည်စက်ရုံသို့ ကွင်းဆင်းလေ့လာ

           (၁၂.၁.၂၀၂၆) ရက်နေ့နေ့လယ် (၁၁:၂၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၁၁၆/A2)၊  ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁) ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည် လုပ်ငန်းရှင်ထံကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထိုသို့တွေ့ဆုံမေးမြန်းရာတွင် Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်က မိမိတို့ စက်ရုံတွင် ထုတ်လုပ်သောအမှတ်တံဆိပ်များမှာ Ve Ve၊ Rocker၊ Ion အားဖြည့်အချိုရည်အမျိုးအစား (၅)မျိုးထုတ်လုပ်လျက်ရှိကာ တစ်ရက်ထုတ်လုပ်မှုမှာ (၁)ပါကင်တွင် (၂၄) လုံးပါ သော ပါကင် (၅၀၀၀)ထုတ်လုပ်လျက်ရှိပြီး မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကာ ဝန်ထမ်းအင်အားမှာ ကျား(၃၀၀)ဦး၊ မ(၂၀၀)ဦး စုစုပေါင်း(၅၀၀)ဦးဖြင့် လုပ်ငန်းလည်ပတ်ကာ မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ခြင်ဆေးခွေထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦး တို့သည် (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် အမှတ် (၁၀၂)၊ ချယ်ရီလမ်း၊ ဇုန် (၁) ရွှေပြည်သာမြို့နယ်ရှိ Diesel King Co.,Ltd သို့ သွားရောက်၍ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        တာဝန်ခံဖြစ်သူ ဦးအောင်ကိုယုက Diesel King Co.,Ltd မှ ခြင်ဆေးလုပ်ငန်းတွင် ထုတ်လုပ်သော ဂေါ်ဇီလာအမှတ်တံဆိပ်ဖြင့် ဂေါ်ဇီလာခြင်ဆေးခွေ၊ ဂေါ်ဇီလာခြင်နှင့် ပိုးမွှားသတ် ဆေးရည် (၂) မျိုးထုတ်လုပ်လျက်ရှိပြီး ခြင်ဆေးခွေတစ်ရက်ထုတ်လုပ်မှုမှာ (၅) ဗူးတွဲကဒ် (၁၆) ကဒ်ပါ (၁၀၀၀)နှင့် ခြင်နှင့် ပိုးမွှားသတ်ဆေးရည် (၁) ကဒ်လျှင် (၁၂) ဗူးပါ သေတ္တာ (၁၀၀၀) တို့ ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဝန်ထမ်းအင်အားမှာ ကျား(၄၁၃)ဦး၊ မ(၁၉၈)ဦး စုစုပေါင်း(၆၁၁)ဦးဖြင့် လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်လည်ပတ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အချိုရည်စက်ရုံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၁၁၆/A2)၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည်စက်ရုံသို့ (၁၂.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် Green Circle Co.,Ltd ရှိ Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

         (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကို၊ ရွှေပြည်သာစက်မှုဇုန် (၁) ကော်မတီရုံးမှ လုံခြုံရေးမှူး ဦးဝင်းလွင်တို့ပါဝင်လျက် ရွှေပြည်သာမြို့နယ်ရှိ Diesel King Co., Ltd ခြင်ဆေးစက်ရုံသို့ သွားရောက်၍ ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် Diesel King Co.,Ltd ခြင်ဆေးစက်ရုံမှ တာဝန်ခံ ဦးအောင်ကိုယု ပါ (၄) ဦးတို့တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်ပိုင်စိုး၊ အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ(၆၈)တွင် ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်) ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ (၇၃) အရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၂.၁.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းအုပ်စု၊ သဲဝါကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ဦးရှင်းခန့်ကိုကို၊ အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါ စားသုံးသူ၏အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များအကြောင်း စားသုံးသူများ ကုန်စည်ကိုဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သိရှိနိုင်ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုကို စားသုံးသူများရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများရှိလာပါက Consumer Call Center 1535 သို့ ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ကြောင်း ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၆၅)ဦး၊ ဆရာမ (၃) ဦး စုစုပေါင်း (၆၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအား အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၂.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၂း၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ရာပြည့်ဈေးရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီဈေးများဌာနတွင်  စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေးခြင်းပြုလုပ်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့်ကိုက်ညီမှု ရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှ အွန်လိုင်းရောင်းချခွင့်မှတ်ပုံတင်ကဒ်များ ထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး အွန်လိုင်းရောင်းချမှုနှင့် ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ၁၂.၁.၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးအရာရှိ)နှင့် ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)တို့သည် ဗိုလ်တထောင်မြို့နယ်၊  ဘိုကလေးဈေးရှိကုန်စုံဆိုင်များတွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် FDAထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်းစစ်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွာရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်  စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့်  သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင်တွင်ဆန်/ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် ပြည်ခရိုင်ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်အား ဆန်/စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – MyRo)တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း(၁)ရက်မှ (၇)ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်း ကုန်ဆုံးပါကလည်း သိုလှောင်ရုံ သက်တမ်းတိုးခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံ မှတ်ပုံတင် ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် Myro တွင် စာရင်းဖြည့်သွင်းမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ပေါင်းတလည် အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား အွန်လိုင်းဈေးရောင်းချ နေသောလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြို့ကုန်းကျေးရွာရှိ ပြည်သူများအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ထုံးဘိုဈေးတာဝန်ခံရုံး၌ ဈေးသူဈေးသား ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်နေပြည်သူမျာအားလည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေးလုပ်ငန်းရှင် (၆၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် အောင်မင်္ဂလာ သောက်ရေသန့်စက်သို့ ကွင်းဆင်းလေ့လာခြင်း

             တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးနှင့် ဦးအောင်ဝင်း၊ ဌာနခွဲစာရေးတို့သည် (..၂၀၂၆) ရက်နေ့တွင် အုတ်တွင်းမြို့နယ်ရှိ အောင်မင်္ဂလာရေသန့်စက်သို့ ရေသန့်ထုတ်လုပ်ပုံ၊ ပါကင်ဘူးသွပ်မှုအဆင့်ဆင့်နှင့် ဈေးကွက်အတွင်းသို့ ရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

              အောင်မင်္ဂလာတံဆိပ်ပါ သောက်ရေသန့်ထုတ်လုပ်ရာတွင် ပေ ၅၃၀ နှင့် ပေ ၅၈၀ နက်သော ရေတွင်း () တွင်းရှိပြီး ထိုတွင်းရေများကို RO & UV Systemဟုခေါ်သော၊ (Reverse Osmosis) ရေထဲရှိ အမှုန်ဓာတ်၊ ဓာတုဖော်မြူလာများ၊ ဆားဓာတ်များနှင့် ဘက်တီရီးယားအချို့ကို စစ်ထုတ်ပေးခြင်း၊ UV (Ultraviolet) အလင်းရောင်ကိုအသုံးပြုပြီး ဗိုင်းရပ်စ်၊ ဘက်တီးရီးယားများကိုသန့်စင်၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် အကောင်းဆုံးရေအရင်းအမြစ်မှ ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ်ထားပြီး၊ ဗူးခွံကုန်ကြမ်းများကို နေပြည်တော်မှမှာယူ၍ ကိုယ်တိုင် တံဆိပ်ရိုက်ရောင်းချခြင်းဖြစ်သည်။ ယခုလက်ရှိအနေဖြင့် လုပ်သား () ဦးဖြင့်သာ လုပ်ကိုင်လျက်ရှိသည်။

             အောင်မင်္ဂလာအမှတ်တံဆိပ်ပါသောက်ရေသန့်1 Litre ၁ ဘူးလျှင် ၂၂၅ ကျပ်၊ 600 ml ၁ဘူးလျှင် ၁၉၅ ကျပ်၊ 20Litre (ဘူးခွံပါ) ၁ ဘူးလျှင် ၁၃၀၀၀ ကျပ်ဖြင့် အုတ်တွင်းမြို့နယ်အတွင်း၌ ဖြန့်ဖြူးရောင်းချပြီး သုံးဘီး၊ အခြားအငှားယာဉ်သမားများကလည်း ရေသန့်စက်မှတဆင့် အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများသို့ ရောင်းချလျက်ရှိကြောင်း ရေသန့်စက်ပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News