Main menu

HighLight News

Powered by Drupal

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေးဟောပြောခြင်းများကို (၂၆.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာဗဟုသုတကို ဟောပြောခဲ့ကြောင်းနှင့် အလက (ခွဲ) ဈေးရပ်ကွက် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦးနှင့် အမက(လွန်) ကသစ်တန်း ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်

             ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇော်ထွန်းသည် သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ငဖြူကလေးကျေးရွာအနီးရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် အလှည့်ကျတာဝန်အဖြစ် ၁၅.၁.၂၀၂၅ ရက်နေ့မှ ၂၁.၁၂.၂၀၂၅ ရက်နေ့အထိ တရားမဝင်ကုန်သွယ်ရေး တာဆီးရေးတာဝန်အား ထမ်းဆောင်ခဲ့ပါသည်။

          အဆိုပါတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး တာဆီးဆောင်ရွက်မှုအား သာယာဝတီ ခရိုင်ရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးနှင့်အတူ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သော  စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် 10g အောက် အလှကုန်ပစ္ဏည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဘူတာရုံလမ်းဈေးအပြင်ဘက် မိုမိုကုန်အလှကုန်ဆိုင်၊ လမ်းမတော်လမ်း ဦးဇေယျာကြီးစတိုးဆိုင်နှင့် ကျောင်းကြီးလမ်းရှိ Orchid အလှကုန်ဆိုင် စုစုပေါင်းဆိုင် (၃) ဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည်  (10)g အောက်အလှကုန်ပစ္စည်းအမျိုးမျိုးတို့၏ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါရှိမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါလုပ်ငန်းများ၏ တာဝန်များကိုသိရှိနိုင်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာန ဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လက်ပံတန်းမြို့၊ လက်လီ/ လက်ကားဆီဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ဗီနိုင်းများချိတ်ဆွဲထားမှု့ရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ စားအုန်းဆီအရောင်းဆိုင်များရည်ညွှန်း ဈေးနှုန်းနှင့် အညီရောင်းချရေး ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

       သာယာဝတီမြို့နယ်အနေဖြင့် မြို့ပေါ် (၂၂)ရပ်ကွက်၊ကျေးးရွာအုပ်စု ၄၈ အုပ်စုရှိပြီး အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် (၁)ဦး၊လက်လီအရောင်း ၃၃ဆိုင်မှ တစ်လလျှင် ဆီပိဿာပေါင်း (၅၆၃၂၀) ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက်က ကဝမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ ကြည့်ရူစစ်ဆေးသည်။

          ထိုသို့ ကြည်ရူစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှု ဦးစိုးမိုး၊  တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမိုးသက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ/ မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်လီ/ လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိတ်ဖက်ဌာနများနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

                  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ပိုင်းခရိုင်)၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ရုံးရှိ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါ၍  သန်လျင်မြို့နယ်၊ စည်ပင်သာယာမြို့မဈေးတွင် စားသောက်ကုန်အမျိုးမျိုး ရောင်းချနေသောဆိုင်များရှိ စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေး ပါဝင်မှုရှိ/ မရှိနှင့်  ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးအမျိုးမျိူးတို့တွင် သက်တမ်းကျော်လွန်ခြင်းရှိ/ မရှိ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်ခြင်းရှိ/ မရှိ၊ စပ်ဆေးများ‌ရောင်းချမှုရှိ/ မရှိ၊ ဆေးဆိုင်လိုင်စင်များရှိ/ မရှိတို့ကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသင့်ထုပ်ပိုးထားသော အစားအသောက်များနှင့် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအားလိုက်နာဆောင် ရွက်သွားရန်နှင့် ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

           အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာ‌ပေးဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၂၇ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးသန့်စင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင်နှင့် ဖိတ်ကြားထားသောအွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင် ၂၉ ဦးတို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အမိန့်ကြော်ညာစာများ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား အမိန့်ကြော်ညာစာအမှတ် ၄၉/၂၀၂၃ ဖြင့်အပ်နှင်းခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အမိန့်ကြော်ညာစာထုတ်ပြန်ပြီး ၆ လပြည့်သည့် နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စစ်ဆေးရေးအရာရှိများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာ ထုတ်ပြန်ထားသည့်အမိန့်ကြော်ညာစာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လက်မှတ်ရရှိပြီးသူများ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်ဈေးအတွင်းရှိ ဒေါ်လှလှရီ (ဆီဆိုင်) နှင့် ဒေါ်ဇာနည်ကျော်(ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများ အားကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၇.၁.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘရူနိုင်းနိုင်ငံတွင် အကြီးဆုံးစားသုံးသူကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးပြပွဲ လက်ခံကျင်းပမည်

       ဘရူနိုင်းနိုင်ငံသည် နိုင်ငံ၏အကြီးဆုံး စားသုံးသူကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးပြပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မြို့တော် Bandar Seri Begawan အနီးရှိ International Convention Center ၌ လက်ခံကျင်းပမည်ဖြစ်သည်။

         စီစဉ်သူ D’Sunlit Sdn Bhd ၏ ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ်ပြန်ချက်အရ ငါးရက်ကြာကျင်းပမည့် အဆိုပါပြပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်းများစွာမှ ပြပွဲပြသသူ ၃၅၀ ကျော် လာရောက်မည်ဟု မျှော်လင့်ရသည်။

       နှစ်စဉ်ကျင်းပသောပွဲသည် ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နိုင်ငံခြားပူးပေါင်း ဆောင်ရွက်မှုတို့ကို လက်ခံခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း မြင့်တက်လျက်ရှိသည်။ နိုင်ငံတကာမှပြသသူများနှင့် ကိုယ်စားလှယ်များ ပိုမိုများပြားလာခြင်းသည် စားသုံးသူပြပွဲခန်းမတွင်းသာမက  ပြပွဲပြင်ဘက် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်အားပေးလာနိုင်သောကြောင့်ဖြစ်ကြောင်း တွေ့ရသည်။ ပြပွဲသည် ပြည်တွင်းခရီးသွားလုပ်ငန်းကို အထောက်အကူပြုကာ ဒေသတွင်း စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုကျယ်ပြန့်သောအခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနေကြောင်း သိရသည်။

       ယခုပြပွဲတွင် နိုင်ငံတကာပြသသူများအပြင် ဘရူနိုင်းနိုင်ငံမှ အသေးစား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပြသသွားမည်ဖြစ်ပြီး၊ ဒေသတွင်းအရည်အချင်းများကို ပြုစုပျိုးထောင်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ကြီးထွားမှုကိုပံ့ပိုးရန် ပွဲ၏ရည်မှန်းချက်ကို ထင်ဟပ်စေကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News