Main menu

HighLight News

Powered by Drupal

ဆန်းသစ်ကျော် ဆန်စက်ရှိ အလုပ်သမားများအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် သမက်ပြေကျေးရွာရှိ ဒေါ်အေးမူ ပိုင်ဆိုင်သော ဆန်းသစ်ကျော် ဆန်စက်ရှိအလုပ်သမားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲသို့ ဆန်စက်အလုပ်သမား (၁၇)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်း၊ ဓာတုဆေးဝါးများအကြောင်း၊ မြန်မာစာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကိစ္စရပ်များနှင့် ပက်သက်၍ သိရှိလိုသည်များ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ကျိုက်လတ်မြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသောဘိလပ်မြေ ဈေးနှုန်းဈေးကွက် အခြေအနေကိုမေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

          ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း  နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေကြောင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ” ဆန်စက်သို့ MyRoတင်ထားသည့် ဆန်/ စပါး လက်ကျန်အခြေခံစာရင်းများ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ” ဆန်စက်သို့ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် MyRo တင်ထားသည့် ဆန်/ စပါး လက်ကျန်စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကိုအခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှုအခြေအနေများနှင့်  ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ် မြေပြင်သိုလှောင်မှုအခြေအနေမှန်စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ “ဝ”တစ်လုံး ဆန်စက်သို့ MyRoတင်ထားသည့် လက်ကျန် အခြေခံစာရင်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကို အခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ဝ”တစ်လုံး ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ  စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ “သီတာညွန့်” ဆန်စက်သို့ MyRoတင်ထားသည့် လက်ကျန်အခြေခံစာရင်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကိုအခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “သီတာညွန့်”ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ  စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ ဝယ်လိုအား/ ရောင်းလိုအားများအားမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဘိလပ်မြေအိတ်ဈေးနှုန်းများအနေဖြင့် Apacheတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင်(၂၅၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ ဝယ်လိုအား/ ရောင်းလိုအားများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဘိလပ်မြေအိတ် ဈေးနှုန်းများအနေဖြင့် Apacheတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၃၅၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၅၅၀၀)ကျပ်ဖြင့်  ရောင်းချနေကြောင်းသိရှိရပြီး ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် အမှတ်(၅)ရပ်ကွက် စတိုးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ လက်ပံတာကြီးတန်းလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စတိုးဆိုင်လုပ်ငန်းရှင်(၂၅)ဦးအား ကုန်အညွှန်းအမှတ် အသားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ ဧရာဦးခန်းမ၌  ပြည်သူ(၄၅)ဦးအား စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်း ပြန်ကြားရေးနှင့တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News