Main menu

HighLight News

Powered by Drupal

မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum Myanmar စက်ရုံသို့ ကွင်းဆင်းလေ့လာ

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၂.၇.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum Myanmar စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာရာတွင် အမှတ်(၁၉၇၊ ၁၉၈၊ ၁၉၉)၊ (၁၀)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum Myanmar စက်ရုံမန်နေဂျာနှင့်တွေ့ဆုံကာ စက်ရုံကို ၁၉၉၇ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ကုန်ကြမ်းများကို မြန်မာနိုင်ငံ(ပြည်တွင်း)တွင် အဓိကကုန်ကြမ်း ဂျုံ၊ စားအုန်းဆီ၊ ကော်၊ ထုပ်ပိုးပစ္စည်း၊ ဟင်းခတ်အမွှေးအကြိုင်ရရှိကာ အသင့်စားခေါက်ဆွဲခေါက်ခြောက် ထုတ်လုပ်ပြီး တစ်ရက်ထုတ်လုပ်မှုမှာ (၃၃၆၀) Box ထုတ်လုပ်၍ တစ်လလျှင် (၁၀၀၈၃၅၄) Box ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံ ပြည်တွင်းအနှံအပြားသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း စက်ရုံတွင် ကျား(၃၁၉) ဦး၊ မ(၂၀၄)ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ဘက်ရဲမြို့ တာကြီးတန်းလမ်းရှိ“စေတနာမွန်”မုန့်ဖတ်လုပ်ငန်းသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၁.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ တာကြီးတန်းလမ်းရှိ “စေတနာမွန်” မုန့်ဖတ်လုပ်ငန်းသို့ သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော ဆန်ခေါက်ဆွဲများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ စားသုံးရန် (သို့မဟုတ်) အသုံးပြုရန် သင့်/ မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးဆွေ့ရှိရပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် စားသောက်ဆိုင်များနှင့်အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍  စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု၊ ပေးအပ်သည့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ လုံလောက်သည့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားမှုရှိ/ မရှိနှင့် အစားအသောက်ကိုင်တွယ်ချက်ပြုတ်သည့် နေရာများတွင် သန့်ရှင်းမှုရှိ/ မရှိ စသည်တို့ကိုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင် ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသော အမှိုက်ပုံးများ လုံလောက်စွာထားရှိရန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူးဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူး လျှင် (ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၁၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၁၈.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင်  ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက   ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်လမ်းများအား ဖော်ပြရမည်ဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သိုမဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား မဖြစ်မနေ ဖော်ပြပါရှိရမည် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ကွက်သစ်တာကြီးတန်းလမ်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော ရွှေဆား Herbal Salt ရောင်းချသောဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ၊  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ Online စနစ်ဖြင့် ရောင်းချနေသော ရွှေဆား Herbal Salt ရောင်းချသောဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာ ဖော်ပြချက်များ စသည်တို့ကို စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် အခြေခံပညာကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသောမု့န်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချသောမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှုရှိ/ မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပါသည်။ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများအား ကုန်အညွှန်းအမှတ်အသားဖော်ပြမှု၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများ ဖတ်ရှုရန် သင်ကြားပေးမှုများပြုလုပ်ခဲ့ပြီး၊ မုန့်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူများ စိတ်ကျေနပ်မှုရှိ စေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် စားသုံးဆီ လက်လီ/ လက္ကားကိုယ်စားလှယ်များအား EOS စနစ် အသုံးပြုနည်း သင်တန်းဖွင့်လှစ်

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဟင်္သာတခရိုင်အတွင်းရှိ စားသုံးဆီ လက်လီ/ လက္ကား ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်များအား စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ်(Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်ခြင်းကို Capital Connect Ltd နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့် စနစ်(Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းသင်တန်းနှင့် ပတ်သတ်သည့် အချက်အလက်များ၊ ကိစ္စရပ်များကို လုပ်ငန်းရှင်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ Capital Connect Ltd မှ တာဝန်ရှိသူများမှ လက်လီမှတစ်ဆင့် အိမ်ထောင်စုများထံသို့ ‌ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်း လင်းဆွေးနွေးခြင်း၊ စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်(Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ် အသုံးပြုနည်းများအား ရှင်းလင်းသင်ပြခဲ့ပြီး ဆီလုပ်ငန်းရှင် (၂၀၃)ဦး တက်‌ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အဆင့် အမှုဆောင်အဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း

           အင်္ဂပူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလအတွက် မြို့နယ်အဆင့် အမှုဆောင်အဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ၂၁-၇-၂၀၂၅ရက်နေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာမြို့နယ်ရှိ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များပါဝင်သော မြို့နယ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းကော်မတီ ၏အဖွဲ့ရှေ့မှောက်တွင် တက်ရောက်လာသော အသင်းသားများ၏ သဘောထားဆန္ဒဖြင့်အလုပ်အမှု ဆောင်အဖွဲ့ထဲမှအသင်းဥက္ကဌ၊ ဒုဥက္ကဌ (၂)ဦး၊ အတွင်းရေးမှူး (၂)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦး၊ စားရင်းစစ် (၂)ဦး၊ အဖွဲ့ဝင် (၇)ဦးအပါအဝင် စုစုပေါင်း ( ၁၅ )ဦးဖြင့် ဆန်စက်လုပ်ငန်းရှင်များအသင်း၏၂၀၂၅- ၂၀၂၈သက်တမ်းကာလအတွက် မြို့နယ်အဆင့်အမှုဆောင်အဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား အောင်မြင်စွာဖွဲ့စည်းပြီးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့မစည်ပင်ဈေးအတွင်း ဗူးသွပ်ဆီအမျိုးမျိုးနှင့် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့မစည်ပင်ဈေးအတွင်းရှိ ဗူးသွပ်ဆီအမျိုးမျိုးနှင့် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆိအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များ ကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေး ပြောကြားခဲ့ပြီး၊အရောင်းဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News