Main menu

HighLight News

Powered by Drupal

ကျောက်တံခါးမြို့နယ်၊ ခတ်ချိုကွင်းကျေးရွာ၊ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ခတ်ချိုကွင်းကျေးရွာရှိ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

         ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အတူ ခတ်ချိုကွင်းကျေးရွာ၊ အ.လ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၅ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၄၂၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်း အမျိုးမျိုး (၁၀ ဂရမ်နှင့်  အောက်) တို့အား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

        ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အဖွဲ့တို့သည်  ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော အလှကုန်ပစ္စည်းများရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ စင်ကာပူNestle ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊တိမွေးကုဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၁၆.၁.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ စတိုးဆိုင်များ၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော  ကလေးဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာဌာနများ၏ အထောက်အထားရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါစစ်ဆေးရေးအဖွဲ့များအနေဖြင့်ပဲခူးမြို့ပေါ်ရှိ ကလေးဖြည့်စွက်စာ ၅မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဆိုင်ရှင်များအား မိမိရောင်းချလျက်ရှိသောကုန်စည်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မရှိသောကုန်ပစ္စည်းများ၊ သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်းမပြုစေရန်နှင့် စားသောက်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့် ဖော်ပြထားသောပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြင်းခြံမြို့ရှိ ချိုတူးပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်က မြင်းခြံမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ ချိုတူး ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲနိုင်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုကို အထူးအလေးထားဆောင်ရွက်နိုင်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့် အချက်များ၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့်အချက်များအား ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်စေရေးတို့ကို အသိပညာပေးဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်ရှိ စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်”

        ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်ထူး(ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး၊ ဦးဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှုး)က စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်ရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ချီသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်”

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် စားအုန်းဆီလက်လီ/လက်ကား ဖြန့်ချီသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ‌ဦးမောင်ထူး (ခရိုင်ဦးစီးမှူး)မှ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မှန်(၆)မှန်အတိုင်း ရောင်းချရန်၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့်ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း၊ ဆီအသင်းဥက္ကဋ္ဌ ဦးအောင်လွင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အတွင်းရေးမှူး ဦးအေးမင်းစိုးတို့က ဆီရောင်းချသောဆိုင်များအနေဖြင့် ဆီအလေးချိန်ပြည့်ဝအောင် စနစ်တကျရောင်းချရန်နှင့် ဆီအသင်းဝင်ချင်သူများရှိပါက အမည်စာရင်းပေးကျရန် ပြောကြားခဲ့ကြောင်း၊ ၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင်(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်”

         မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ပြင်ဦးလွင်မြို့မစျေးရှိ ဆန်အရောင်းဆိုင်ပိုင်ရှင်များနှင့် ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်ပြင်ဦးလွင်ခရိုင် တာဝန်ခံ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)က ဆန်အရောင်းဆိုင်များအနေဖြင့်  သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင် ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ လစဉ်(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း ဆန်/စပါး သိုလှောင်ရုံများရှိ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ စာရင်းများရေးသွင်းခြင်းလုပ်ငန်းများအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံက မိမိတို့အနေဖြင့် စျေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းစာရင်းများအား အထက်ဌာနအဆင့်ဆင့်သို့ တင်ပြရကြောင်း၊ တက်ရောက်လာသော ဆန်ကုန်သည်များအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းစျေးထက်ကျော် လွန်ရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။  အဆိုပါ ဆွေးနွေးပွဲသို့ ပြင်ဦးလွင်မြို့ရှိ ဆန်ကုန်သည်လုပ်ငန်းရှင် (၁၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး သွားတိုက်ဆေးအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ MARIO Unimark နှင့် မြို့ပေါ်ရှိကုန်စုံဆိုင်အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စတိုးဆိုင်နှင့်ကုန်စုံဆိုင်များအားမြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လည်းကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

         ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်:လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ ကျေးရွာသားစုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

MILK POWER ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်း

         ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်း၍   တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ MILK POWER ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်မျာ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် MILK POWER ဒိန်ချဉ်သည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာဆောင် ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News