Main menu

HighLight News

Powered by Drupal

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလဈေးတွင် စားအုန်းဆီရောင်းချပေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလဈေးတွင် စားအုန်းဆီ ရောင်းချ‌ပေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင်ဘူးခွံပါပြီး (၈၃၂၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀) ကျပ်သားဖြင့် စုစုပေါင်း (၄၄၀) ပိဿာရောင်းချပေးရာတွင် ဈေးသူဈေးသားများနှင့် ရပ်ကွက်နေပြည်သူများ အများအပြား ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒေါနခြံရပ်ကွက်ရှိ “ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း” တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး၎င်းမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့  သင်တန်းသား (၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခု ကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူနှစ်နာခြင်းနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

“တက်နေဝင်း” ပဲချောင်းကြော်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “တက်နေဝင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပဲချောင်းကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ရွှေနံ့သာ” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ရွှေနံ့သာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ပွဲတော်အုပ်” လက်ဖက်ငန်းရှင်နှင့် တွေ့ဆုံ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ “ပွဲတော်အုပ်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်အသီးသီးရှိ စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးနှင့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ရောင်းချနေမှုအခြေအနေနှင့် စိုက်ပျိုးရေး ဦးစီးဌာန၏ သတ်မှတ်ခွင့်ပြုထားသော လိုင်စင်များဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိ/ မရှိ ပစ္စည်းသယ်ယူ ရောင်းချနေမှု အခြေအနေတို့ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များအတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များနှင့် ပျိုးဉယျာဉ်ခြံများအား ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဒေါ်မြင့်မြင့်ရီ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ တို့ ပူးပေါင်းပါဝင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချနေမှု အခြေအနေနှင့် စိုက်ပျိုးရေးဌာန၏ သတ်မှတ်ခွင့်ပြုထားသော ရောင်းချခွင့်လိုင်စင်များ ဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိကြောင်း၊ ပစ္စည်းသယ်ယူရောင်းချနေမှု အခြေအနေအဆင်ပြေလျက်ရှိကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ရောင်းချခွင့်လိုင်စင်များ သက်တမ်းတိုးရန်မှာကြားပြီး ပျိုးဥယျာဉ်များတွင် ပျိုးပင်မျိုးကွဲများ၊ ပျိုးပင်ရောင်းချသည့် ဈေးနှုန်းအခြေအနေနှင့် ပျိုးပင်ဝယ်ယူရရှိမှု အခြေအနေတို့ကို အသေးစိတ်မေးမြန်းပြီး၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြဆောင်ရွက်ထားခြင်းရှိသော စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးကိုသာ ရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တဲကြီးကုန်းလမ်းရှိ Black & White စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Black & White စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သူတော်ကုန်းကျေးရွာရှိ Moonsun စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Moonsun စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ Denko စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Denko စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်း ထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ Max Enerdy စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃. ၁၀. ၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Max Energy စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ဆေး ဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News