Main menu

HighLight News

Powered by Drupal

မိုးညိုမြို့တွင် ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မိုးညိုမြို့နယ်အတွင်းရှိ မြို့နယ်များ၌အင်္ဂါနေ့တိုင်း  ဆေးနှင့်ဆေး ပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းနှင့် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိတို့ကို စားသုံးသူ ရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

သာယာဝတီခရိုင်တွင် အွန်လိုင်းဈေးရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ ထုတ်လုံဌာနခွဲ တာဝန်ခံဦးချစ်ကိုကိုသည် လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်အတူ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့၊နေ့လည်(၁:၃၀)အချိန်တွင် လက်ပံတန်းမြို့၊မင်းရပ်ရပ်ကွက်၊ဆရာစံလမ်းရှိ ဦးကိုကိုဒွေး၏ KKD.Burma Digital Marketing အွန်လိုင်းကြော်ငြာဝန်ဆောင်မှု လုပ်ငန်းသို့ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ပြီး အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်၍ လိုက်နာရမည့် တာဝန်နှင့်အခွင့်အရေးများ တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းဆွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)   

ရွှေတောင်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

          ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂၂.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြာနီကန်ရပ်ကွက်၊ သရက်တောရပ်ကွက်ရှိ အလှကုန်ပစ္စည်းရောင်းချသောဆိုင်များတွင် (၁၀) ဂရမ်အောက် အလှကုန်အမျိုးမျိုးပစ္စည်းများအား သွားရောက်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိပါကြောင်း စစ်ဆေးတွေ့ရှိမှုအား သိသာနိုင်ပါရန်နှင့် လိုအပ်သလို လမ်းညွှန်မှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပြည်ခရိုင်၊ ပြည်မြို့ စင်္ကြန်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့၊ ပြည်မြို့ စင်္ကြန်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆရာ၊ ဆရာမ (၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၅)ဦး၊ စုစုပေါင်း (၁၀၉) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းက ဌာနဖွဲ့စည်းပုံနှင့် ယခု ဌာနမှတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူမိဘပြည်သူများ၏ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်စေရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ လည်းတိုင်ကြားနိုင်ကြောင်း၊ ဒါ့အပြင် facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA. Doca.com. mm တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) Call Center တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပြည်မြို့တွင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေန် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀.၁.၂၀၂၆)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ်ကြသည့် ခရိုင် FDA၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သည့် မြို့နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ပြည်မြို့၊ ခေတ္တရာရပ်ကွက်၊ ၅/၇ လမ်းရှိ Online Media မှ ကြော်ငြာရောင်းချနေသော တရားမဝင် အလှကုန်လူသုံးကုန်ပစ္စည်းများကို ရောင်းချနေမှုအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် Online ဖြင့် ရောင်းချမည်ဆိုပါက အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားပြီးမှသာ ရောင်းချရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့၌စားအုန်းဆီများ အမှန်တကယ်ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ၊ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချပေးခြင်းရှိ/ မရှိ၊ အလေးချိန်မှန်ကန်စေရေးနှင့် ရရှိလာသည့် ဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချပေးမှုရှိ/ မရှိ အခြေအနေများကို ယနေ့ ၂၂.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အုတ်တွင်းမြို့နယ်အနေဖြင့် နေ့စဉ်စားအုန်းဆီ ၁၉ ပေပါ၊ တစ်လလျှင် ၄၉၀ ပေပါဖြင့် လစဉ်စားအုန်းဆီပိဿာချိန်ပေါင်း (၅၃၉၀၀) ခွဲတမ်းရရှိပြီး အဆိုပါဆီများကို ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးစစ်ဆေးခဲ့ပြီး ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ အလေးချိန်မှန်ကန်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးအတွက် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

အလှကုန်တားမြစ်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ မအူပင်မြို့နယ် လူသုံးကုန် ပစ္စည်းရောင်းချနေမှု စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ တားမြစ်ထားသည့်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့နံနက်ပိုင်းက မအူပင်မြို့ပေါ် လင်းတာရာအလှကုန်နှင့် စတိုးဆိုင်၊ မြတ်မဟာ အလှကုန်ဆိုင်၊ အာဂျီးမား မီနီမက်ဆိုင်များ၌ တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

      ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် တာဝန်ရှိသူများကပူးပေါင်း၍ စျေးအတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ အရောင်းဆိုင်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများကို ပြည်သူများရောင်းဝယ်သုံးစွဲနိုင်စေရေး၊ FDA တွင် မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်ရေးနှင့် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ချက် ကုန်စည်အုပ်စု(စ) ပါ ဖော်ပြရမည့် အသေးစိတ်စိစစ်ချက် ဖော်ပြပါဝင်မှု ရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး မအူပင်ဈေးကွက်အတွင်း တားမြစ်ကုန်စည်များ ရောင်းချမှုမရှိပဲ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုန်စည်များကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ပြည်သူအသိပညာပေး ဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊   ပန်းတနော်မြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  စားသုံးသူပြည်သူ (၃၅ )ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က အလယ်ပိုင်းရပ်ကွက်နေပြည်သူများကို အသိပညာပေးဟောပြောရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ်ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ် ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများ သည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၁.၂၀၂၆) နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ဆိုင်များသို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၊ စားအုန်းဆီတင်သွင်းဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးမင်းအောင်ဦး ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီ ဆီကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

       ကျိုက်လတ်မြို့နယ်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသောဆိုင်များတွင် ရည်ညွှန်းဈေး ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်တွယ် ပြည့်မပြည့်၊ ဆီအရည်အသွေး ကောင်းမကောင်း၊ ပြင်ပ၌ သတင်းထွက်ပေါ်နေသော စားအုန်းဆီ တစ်ပိဿာဈေး (၁၀၀၀၀) နှင့် အထက် ရောင်းချနေမှုရှိ/ မရှိတို့ကို ဈေးဝယ်သူစာအုပ်နှင့် ထုတ်ယူသူတို့ကိုပါ မေးမြန်းစုံစမ်းခဲ့ကြပါသည်။ ဆီဆိုင်များတွင် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ထားကြောင်း၊ မှန်(၆) မှန်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း၊ ကောလဟာလသတင်းမှာ မမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          ကျိုက်လတ်မြို့နယ်အနေဖြင့် လူဦးရေ(၁၉၆၂၂၂) ဦးရှိပြီး အိမ်ထောင်စုဦးရေအနေဖြင့် မြို့ပေါ်နေအိမ်ထောင်စုဦးရေ (၆၁၄၁)နှင့်  ကျေးရွာနေအိမ်ထောင်စုဦးရေ (၃၉၈၂၆) စုစုပေါင်း အိမ်ထောင်စု ဦးရေ (၄၅၉၆၁၇) ရှိပြီး ဆီထုတ်စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း စားအုန်းဆီခွဲတမ်းရရှိမှုမှာ နေ့စဉ် ပေပါ (၂၀) ပိဿာ (၂၂၀၀၀) ပိဿာ၊ တစ်လလျှင် ပေပါ (၅၀၈) ပေပါ ဆီပိဿာ (၅၅၈၈၀) ပိဿာ ရရှိပြီး ရပ်ကွက်၊ ကျေးရွာများသို့ ဆီထုတ်စာအုပ်များဖြင့်လည်းကောင်း ဝန်ထမ်းများ ဘဏ်ပင်စင်စားများ၊ သာရေးနာရေး အသင်းအဖွဲ့များအား ရောင်းချပေးလျက်ရှိကြောင်း စိစစ်သိရှိရပါသည်။ယခုအပတ် စားအုန်းဆီရောင်းချဈေးနှုန်း (၆၆၇၂) ကျပ်ဖြင့်သာ ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ ဘုရားတန်ဆောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၁.၂၀၂၆) ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ ဘုရားတန်ဆောင်းတွင် ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။          

     မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများ လိုက်နာရမည့်တာဝန်များ အကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ဖော်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်နှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် ရိုးသားဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ တန်ဖိုးနှင့်ညီမျှသော အဖိုးအခပေးချေခြင်း၊ စားသုံးသူအငြင်းပွားမှုများတွင် သင့်လျော်စွာ ဖြေရှင်းဆောင်ရွက်ပေးသည့် ဆုံးဖြတ်ချက်များကို လိုက်နာခြင်း၊စီးပွားရေးလုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ စားသုံးသူအငြင်းပွားမှုများအား သက်ဆိုင်ရာမှ ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းစသည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News