
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၆ )ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြိုု့နယ်တို့ရှိ ဆေးဆိုင်များတွင် ပြည်တွင်းဆေးဝါး ပြတ်လပ်မှုမရှိစေရေးနှင့် လက်လီ/လက်ကားရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေး အတွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များ၏ ဆေးဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ ဈေးနှုန်းကွာခြားမှုရှိ/ မရှိ၊ ဈေးကွက်များအတွင်းဆေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးဆိုင်မှတာဝန်ရှိသူနှင့် တွေ့ဆုံ၍ ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှတားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
