Main menu

HighLight News

Powered by Drupal

MyRo အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

            မန္တလေးတိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်မြေသာစံ မြို့နယ် Community Centre ခန်းမ၌ ၂၈.၇.၂၀၂၅ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိ်န်တွင် မြန်မာ ဆန်စပါးအွန်လိုင်း (MyRo) သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စံပါယ်(ဦးစီးအရာရှိ)က ဦးဆောင်ဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ဇင်မာဦး (ဦးစီးအရာရှိ)က မြန်မာဆန်စပါး အွန်လိုင်း(MyRo ) မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ဆန်တန်ချိန် ၂၅ တန်နှင့်အထက်၊စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်မည့် ဆန်းစပါးလုပ်ငန်းရှင်များ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ရာတွင် လိုအပ်မည့် အချက်အလက်များ၊ မှတ်ပုံတင်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ဆောင်ရွက်ခြင်း မရှိပါက စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ-၁၃(က)(၂)ပါ စားသုံးသူကာကွယ်ရေးစပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို သက်ဆိုင်ရာ ဆက်စပ်ဌာနများဖြင့် ပူးပေါင်းအသိပညာပေးလျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိတ်မုန့်နှင့်ပေါင်မုန့်အစရှိသော မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်းကို (၃၀-၇-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေးဟောပြောသည့်အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါက်တာဇော်လွင်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲ)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ အေးငြိမ်းမြတ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများ

အသင်းမှ(မန္တလေး)မှ ဥက္ကဌနှင့် အသင်းဝင်စားသောက်ကုန်လုပ်ငန်းရှင် စုစုပေါင်း(၆၈)ဦး တက်ရောက်ခဲ့ကြပါသည်။

          ပထမဦးစွာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲ)၏ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးမာန်သက်ဦးက အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားရာတွင် ခက်ခဲမှုမရှိစေရေး FDA သတ်မှတ်ချက်များ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲ၊ ဦးစီးအရာရှိ ဦးတင်ချစ်ကောင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို ဟောပြော ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတို်ငးဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးထွန်းမှ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များအား ဟောပြောရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို နေ့လည် (၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ

           ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ခဲ့ပါသည်။

        ထိုအခမ်းအနားတွင် ဘုန်းတော်ကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချတရားနာ၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူမှရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် ကြက်သွန်ဖြူကိုဟင်းချက်ရာတွင် ဟင်းအနှစ် အရသာရှိစေရန်အတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုကြပြီး ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးပြုလျက်ရှိပါသည်။ ကြက်သွန်ဖြူကို နှစ်ထောင်ပေါင်းများစွာ ကတည်းက သုံးစွဲလာကြပြီး ကျန်းမာရေးအတွက်သာမက အချက်အပြုတ် နှင့် ရောဂါကုထုံးများလုပ်ဆောင်ရာတွင်ပါအသုံးပြုခဲ့ကြသည်။ ကြက်သွန်ဖြူတွင် ကယ်လ်လိုရီ အဆီများနှင့် ဆိုဒီယမ်တို့ပါဝင်မှုအလွန်နည်းပါးသည့်အပြင် ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆာလဖာ၊ ဗီတာမင်စီ၊ ဗီတာမင်B6၊ ဗီတာမင်B1၊ ကလိုရင်းစသည့် အသုံးဝင်သော သတ္ထုဓာတ်များစွာပါဝင်သည်။ ကြက်သွန်ဖြူကိုပုံမှန်စားသုံး ပေးခြင်းဖြင့် ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ သွေးတိုးနှင့်နှလုံးရောဂါ အန္တရာယ်ကိုလျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေခြင်း၊ အစာခြေမှု ကိုမြှင့်တင်ပေးနိုင်ခြင်း၊ သွေးထဲရှိသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ကိုယ်ခံအား ကိုမြှင့်တင်ပေးခြင်း နှင့်ကိုယ်အလေးချိန်လျော့ချပေးခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ ထိုကဲ့သို့ ဟင်းချက်ရာတွင်သာမက ကျန်းမာရေးအတွက်ပါ များစွာအသုံးဝင်သောကြက်သွန်ဖြူကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းဖြူ) တစ်ပိဿာလျှင်(၅၀၀၀-၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။ DOCA(မန္တလေး)

ဇေယျသိဒ္ဓိ ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်ကေနန်းသူ၏ ဇေယျသိဒ္ဓိ စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ဇေယျသိဒ္ဓိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငွေကြယ်စင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်စန်းစန်းနွဲ့၏ ငွေကြယ်စင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ငွေကြယ်စင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အောင်ဆန်းမင်း(၂) ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်နွဲ့ယဉ်၏ အောင်ဆန်းမင်း(၂) စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အောင်ဆန်းမင်း(၂) စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အောင်ဆန်းမင်း(၁) ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးမိုးထွန်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၁၅)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးဇော်ဇော်လတ်၏ အောင်ဆန်းမင်း(၁) စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          အောင်ဆန်းမင်း(၁) စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အာကာဇင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးမိုးထွန်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ အာကာဇင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အာကာဇင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေတော်ဝင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်ထူးထူးဟန်၏ ရွှေတော်ဝင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ရွှေတော်ဝင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News