Main menu

ဂန့်ဂေါမြို့၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရေး  ကွင်းဆင်းအသိပညာပေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၁၈..၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိအောင်ရွှေပုလဲပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

        မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌါန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ကုန်ပစ္စည်းများကို စားသုံးသူအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်အပေါ် ယုံကြည်မှုရှိလာပြီး အကျိုးစီးပွားပိုမိုရရှိလာနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌါန်းချက်များ၊ အရေးယူတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

      စီးပွားရေးလုပ်ငန်းရှင်သည် မိမိတို့ကုန်စည်၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှုရှိမရှိ မိမိတို့ဌာနသို့ စိစစ်ခွင့်ပြုချက် တင်ပြလျှောက်ထားနိုင်ကြောင်း၊ ဌာနမှဥပဒေနှင့် အညီ ပြည့်စုံမှန်ကန်သော ကုန်အမှတ်တံဆိပ်များဖြစ်စေရန်  စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား သိရှိနားလည်စေရန် အသေးစိတ်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)