Main menu

HighLight News

Powered by Drupal

Gasifier ဆန်စက်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်(၁၉)လုံး အား ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ၉-၂-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် မြို့နည်စည်ပင်သာယာရေးအဖွဲ့ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ခွန်အား၊ သီဟသူ၊ ကောင်းမြတ်သုခ၊ ရွှေပြည်သစ်၊ ထူးဇေအောင်၊ စသောစက်များအား  မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များဖြစ်‌သော ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးကုမ္မဏီများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၈..၂၀၂ )ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဆေးကုမ္မဏီများအား ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် လက်လီ/ လက်ကား ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံများနှင့် ပူး ပေါင်း၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးကုမ္မဏီများ၏ ဆေးဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ ဈေးနှုန်းကွာခြားမှုရှိ/မရှိ၊  ဈေးကွက်များအတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန်အသိ ပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးကုမ္မဏီမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ဆေးဝါးမှတ်ပုံတင်မရှိဘဲFDAမှတားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(‌ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှု ဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် ကျောက်တံတားမြို့နယ် အတွင်းရှိ  ဒေါ်လှသန်း(ဆီဆိုင်) နှင့် ဦးရွှေလင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများနှင့် ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား ၁၈.၂.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှု များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်တွင် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၁၈.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးတာဝန်ခံ နှင့်ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုက်ကြီးမြို့မဈေးတွင် ရောင်းချနေသည့် စားသုံးဆီ အမှတ်တံဆိပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးမှာ Meizan၊ Lotus၊ Goody၊ ရန်ကုန်၊ Duck နှင့် ရွှေအုံတို့ကို စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော် ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်လက်ပံတန်းစုကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

   မှော်ဘီမြို့နယ်၊ လက်ပံတန်းစုကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၈.၂.၂၀၂၆) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်များ အကြောင်း၊ အခန်း(၁၈)ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ စားသုံးသူများ အခွင့်အရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Websit www.doca.gov.mm တို့ဖြင့်ဖြစ်စေ၊ Call Center နံပါတ်(1535)သို့လည်း တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လပြည့်ဝန်း မုန့်လုပ်ငန်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း

      (၉.၂.၂၀၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်း(၃)ဦးသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်း ရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေးတို့အတွက် တောင်ဒဂုံမြို့နယ်ရှိ လပြည့်ဝန်းမုန့်လုပ်ငန်းအား သွားရောက်၍ အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော် ပြရမည့်အချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိစစ်ဆေးခဲ့ရာ မုန့်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက် အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ အသိပေးပြောကြားခဲ့၍  စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို စားသုံးသူများဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့်ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(Toe Toe) အားလူးကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ၉.၂.၂၀၂၆ ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည် ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်ဒဂုံမြို့နယ် (Toe Toe) အားလူးကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (Toe Toe) အားလူးကြော်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်းတွင်သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင်စားသုံးသူကာကွယ်ရေးဥပဒေ ပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာပါရှိစေရန်နှင့် စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက် နာရမည့်တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရန် ကျေးရွာရှိကော်မတီဝင်များအား ဆွေးနွေးပြောကြား

               ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ဂေးဂု” ကျေးရွာအုပ်စုရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပြောကြားရာတွင် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီ ရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင် အသင်းနှင့်တွေ့ဆုံခြင်း

             ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

       ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ဆီလုပ်ငန်းရှင်အသင်းကို (၁၁) ဦးဖြင့် ဥက္ကဌ ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အမှုဆောင်အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း မြို့နယ်အနေဖြင့် ဆီလက်လီ/လက်ကား ကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက် အိမ်ထောင်စုများအား ဆီစာအုပ်များဖြင့်ရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ အရည်အသွေး ပြည့်ဝသော ဆီများအားအလေးချိန်ခွင် မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းများချိတ်ဆွဲ၍ရောင်းချခြင်းရှိ/ မရှိကို စားသုံးသူဌာနနှင့်ပူး ပေါင်း၍ အပတ်စဉ်၊ လစဉ် ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုစားသုံးသူပြည်သူများအား စိတ်ကျေနပ်စွာရောင်းချပေးကြရန် ဆီအသင်းကြီးမှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် (၁၀) ရပ်ကွက်ရှိ “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်/စပါး မြှင့်တင်ရောင်းချမှု မရှိစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ၊ နံနက် (၁၀ )နာရီအချိန်တွင် ထွေအုပ် ၊ စည်ပင်၊ စားသုံး/ ရဲတပ်ဖွဲ့ ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်၊

            ထိုသို့မိတ်ဖက် ဌာနများနှင့်အတူ ကွင်းဆင်းစိစစ်ရာတွင် ဦးသန်းဦးပိုင် “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်    MYRO မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင် သက်တမ်းတိုးစေရေးတို့နှင့် ဈေးနှုန်းဈေးကွက် အခြေအနေများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ သိုလှောင်ဈေးကစားမှုများ၊ ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးတို့အတွက် ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ရာ ဈေးနှုန်းမြှင့်တင်ခြင်း၊  ဈေးကစားရန် သိုလှောင်ခြင်းများမရှိပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News