Main menu

HighLight News

Powered by Drupal

နတ်ချောင်းကျေးရွာရှိ အ.မ.က မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် (၆)ရပ်ကွက် ပြည်လုံးချမ်းသာလမ်းရှိ အ.မ.က မူလွန်ကျောင်းတွင် ဆရာ/ ဆမနှင့် ကျောင်းသား/ သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးပွဲတွင် ပြန်/ ဆက်ဦးစီးဌာနမှ ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်နည်း(၃)နည်းအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုးသည် စားသုံးသူကာကွယ်ရေး အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်းနှင့် စပ်လျဉ်း၍ အစားအသောက်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရန်နှင့် စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများတိုင်း/ခရိုင်မြို့နယ်များတွင် ဖွင့်လှစ်ထားရှိခဲ့ကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် ဘုရားချောင်းကျေးရွာရှိ တောင်သူများအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘုရားချောင်းကျေးရွာရှိ တောင်သူ(၇) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဘိုကလေးမြို့နယ် တာဝန်ခံရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက တောင်သူများအား စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ စားသုံးသူများသိရှိနိုင်စေရန်နှင့် ရွေးချယ်ဝယ်ယူနိုင်စေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အလှကုန်နှင့်အဝတ်အထည် ဆက်စပ်ပစ္စည်း Online Shop လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံသစ်လမ်း၊အိမ်အမှတ်(၇၆၉)ရှိ   Online Sale ဖြင့် ရောင်းချလျက်ရှိသော Hnin Shwe Eain Lin(Lia) အလှကုန်နှင့် အဝတ်အထည် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးရေးအရာရှိ ဦးမိုးကျော်က Online စနစ်ဖြင့်ရောင်းချနေသော Hnin Shwe Eain Lin(Lia) အလှကုန်နှင့် အဝတ်အထည် ဆက်စပ်ပစ္စည်းအရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင်လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင် မနှင်းရွှေအိမ်လင်းနှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်း ဆန်စက်သိုလှောင်ရုံများအား စပါး/ဆန် လက်ကျန်စာရင်းရေးသွင်းနိုင်ရေး  မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့် သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  (၆.၂.၂၀၂၆) ရက်နေ့ နံနက်  (၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်အတွင်းရှိ ဆန်စက်သိုလှောင်ရုံများအားMyRo တွင် ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ဇလွန်မြို့နယ်အတွင်းရှိဆန်စက်များတွင် စပါးဝယ် ယူနေမှုအပေါ် စပါးအမျိုးအစားအလိုက် စက်အရောက်စျေး စပါး(ပေါင် ၅၀) တင်း ၁၀၀ လျှင် ၁၃သိန်း ခွဲဝန်းကျင်ဖြင့် ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ ဇလွန်မြို့နယ်အတွင်း MyRo မှတ်ပုံတင်ထားပြီးသည် ဆန်စက်(၅၃)စက်ရှိပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စပါးလက်ကျန် (၂၂၃၇၀၅) တင်းနှင့် ဆန်အိတ် (၂၆၂၇၄) အိတ် လက်ကျန် ကျန်ရှိသေးကြောင်း သိရှိရပါသည်။  MyRo မှတ်ပုံတင် တစ်နှစ်သက်တမ်းပြည့်ပြီးသော ဆန်စက်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး သိုလှောင်ရုံလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA (ဧရာဝတီ)

  MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ် တာဝတိံသာဘုရားလမ်း၊ ရွာသစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသောက်ကုန် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် သဲဘို့ကျေးရွာရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ သဲဘို့ကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူ(၁၂၃)ဦးနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက်ဆောင်ရွက်နေမှုများ ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက် သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ပုပ္ပါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအားလိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်စေသော နည်းလမ်းများဖြင့် ရောင်းချမရှိစေရေးနှင့် ကျုးလွန်ကြောင်းပြစ်မှုထင်ရှားပါက  သက်ဆိုင်ရာဦးစီးမှူးရုံးမှ ချမှတ်နိုင်သည့် အမိန့်များကို အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ပထမဦးစွာ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းပုဒ်မ ၂၁ အရ တာဝန်များ လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊၂၅ နှင့် ၂၇ ပါ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးရေးအရာရှိမှ စစ်ဆေးတွေ့ရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို သက်ဆိုင်ရာဦးစီးမှူးရုံးမှ သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းစသည့် အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စားသုံးသူထင်ယောင်ထင်မှား ဖြစ်စေသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ပြုပြင်ပြောင်းလဲခြင်း၊ သတ်မှတ်ရက်စွဲကျော်လွန်သော ကုန်စည်များ၊ စားသုံးရန်မသင့်သောကုန်စည်များ ရောင်းချသည်ဟု ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားပါက  ခြော်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း စသည့်တို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် မုန့်မျိုးစုံ ရောင်းချသည့် စီးပွားရေးလုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်    (၉.၂.၂၀၂၆)ရက်နေ့   မွန်းလွဲ(၁၃:၀၀)နာရီက  စားသုံးသူရေး ရာဦးစီးဌာန  မြို့နယ်တာဝန်ခံရုံးတွင်မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန််းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မုန့်မျိုးစုံရောင်းချသူ စီးပွားရေး  လုပ်ငန််းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက် ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့် တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအားအသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ မုန့်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်(၁၅)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတ)

မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍(၉.၂.၂၀၂၆)ရက်နေ့နေ့လယ်(၁၂း၀၀)နာရီက ဝါးးခယ်မမြို့၊ မြို့မဈေးရှိ  ကုန်စုံဆိုင်များအား ကုလားလေးနှင့်မြန်မာရနံ့ အမှတ်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးအောင်မိုးမှ ဝါးခယ်မမြို့၊ မြို့မဈေးရှိ  ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုလားလေးနှင့် မြန်မာရနံ့အမှတ်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှတားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များ၊ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍   တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်နှင့် အလှကုန်ရောင်းချသည့် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်(၉.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်နှင့်အလှကုန်ရောင်းချသည့် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံမှအလှကုန်ရောင်းချသည့် လုပ်ငန််းရှင် အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များအားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး OnlineSale မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။အဝတ်အထည်နှင့်အလှကုန်ရောင်းချသည့်လုပ်ငန်းရှင်များမှအွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်း အားအသေးစိတ်သိရှိလိုပါက www.eComreg.gov.mm  website  မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ ပါသည်။ဆွေးနွေးပွဲသို့  လုပ်ငန်းရှင်(၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA  (ဧရာဝတ)

Pages

Subscribe to RSS - HighLight News