Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် ပြည်သူများမှ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန် Consumer Call Center (1535) သို့ဆက်သွယ်ဆောင်ရွက်မေးမြန်းလျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး ပုသိမ်မြို့၏ လမ်းညွှန်ချက်များအရ  စားသုံးသူပြည်သူများ အနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် စားသုံးသူကာ ကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သူအများအပြား အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားရှိပြီးစားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း ဆက်သွယ်ဆောင်ရွက်ခြင်းကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျောင်းဖွင့်ကာလက ကျောင်းအသိပညာ ပေးဟောပြောပွဲတွင် ကျောင်းသားလူငယ် ၃ဦးမှ ဆက်သွယ်ဆောင်ရွက်မှု(၃)ကြိမ်၊ စီးပွားရေး လုပ်ငန်းရှင် ၂ဦးမှ ဆက်သွဘ်မေးမြန်းဆောင်ရွက်မှု (၂)ကြိမ် ဆောင်ရွက်ခဲ့ပြီး ညောင်တုန်း မြို့နယ် အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း စားသုံးသူအခွင့်အရေး များနှင့် ပတ်သက်၍သိရှိလိုသည်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စုစုပေါင်း(၅)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူနှင့် ကုန်သည် စပါးလက်ကျန် ကျန်ရှိမှုအခြေအနေအား မြေပြင် ကွင်းဆင်းစစ်ဆေး

          စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ သည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ရန်ကို မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများကို ၆-၂-၂၀၂၆ ရက်နေ့ နေ့လည် ၂နာရီအချိန်က ကျေးရွာများသို့  ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

          ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် တောင်သူနှင့် ကုန်သည် စပါးလက်ကျန်အခြေအနေများကို သိရှိနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ တောင်သူများ စပါးစိုက်ပျိုးမှု ရိတ်သိမ်းပြီးစီးမှု ရှိပြီး တောင်သူများထံ စပါးလက်ကျန် ဝမ်းစာသိုလှောင်မှုအခြေအနေများ တွက်ချက်နိုင်ရန်၊ တောင်သူလက်ထဲတွင် စပါး သိုလှောင်မှုရှိ/မရှိ ကုန်သည်များထံ ရောင်းချမှု ရှိ/မရှိ မြေပြင်အခြေအနေမှန်များကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ခရိုင်ဦးစီးမှူးရုံးသို့တင်ပြဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ရောင်းချနေသော ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သိုလှောင်ဈေးကစားမှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးအတွက် မြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်မှု အဖွဲ့ဝင်များနှင့်အတူ ၆-၂-၂၀၂၆ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေး ရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား ထုတ်ပြန်ပေးသည့်ဈေးဖြင့် ရောင်းချမှုရှိ/မရှိနှင့်  ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင် ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်အိတ်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိ ဘဲကြာရှည်စွာ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိ‌စေရေးနှင့် သတ်မှတ်ရည်ညွှန်း‌ဈေး၏ ဒေသတွင်း ကုန်စည်နှင့် အခြားဒေသထွက်ဆန်များကို (၅%) (၈%)ထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ပါကအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါ‌ကြောင်း၊ ရောင်းချနေသော ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှင့် ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ဆန်လက်လီလက်ကားရောင်းချသူများအား ဆန်များကိုသင့်တင့်မျှတသော နှုန်းထားများဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းများမပြုလုပ်ရန် ဆန်ချော ဈေးနှုန်းဈေးကွက်နှင့် လက်ကျန်အိတ်အခြေအနေများ ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် အလှကုန်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့ (၁၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ(၂)ဦးတို့သည် အနောက်ပိုင်းရပ်ကွက်အတွင်းရှိ အလှကုန်အရောင်းဆိုင်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း ပြည်သူများ သုံးစွဲနေသော အလှကုန်အမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်ရောက်ကုန်စည်များကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောင်းချနေသည့် အလှကုန်ဆိုင်ရှင်များအား  ကုန်စည်ရောင်းချသူ၊ ဝန်ဆောင်မှုပေး အပ်သူ၏ အချက်အလက် အမည်၊ အမျိုးအစား၊ ကုန်စည်အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသူ၏ အမည်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိစေရေး၊ သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန် သတ်မှတ်ထားသော အချက်များပါဝင်မှုရှိ/ မရှိ၊ ဈေးကွက်ရောက်ကုန်စည်များ သက်တမ်းလွန်ကုန်စည်များ ရောနှောရောင်းချခြင်း ရှိ/မရှိစစ်ဆေးခဲ့ရာ ဆိုင်ရှင်များက သတ်မှတ်ချက်များကို လိုက်နာရောင်းချကြောင်း တွေ့ရှိရပြီး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့မဈေးကြီးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦး ဆောင်သောအဖွဲ့နှင့်အတူ (၆.၂.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူရှိ/ မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/ မရှိ ရှောင်တခင်  ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် အလယ်ပိုင်း မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် အခြားပြန်လည်ပြုပြင် ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အလှကုန်ဆိုင်များမှ သက်တမ်းလွန်ကုန်စည်များ တွေ့ရှိ၍ ရောင်းချခြင်းမပြုရန် သိမ်းဆည်းခဲ့ပြီး လုပ်ငန်းရှင်များက ပြန်လည်လဲလှယ်နိုင်ရန်အတွက် ဖယ်ရှားဆောင် ရွက်ထားခြင်းဖြစ်ကြောင်း ရှင်းပြကြပြီး ပူးပေါင်းအဖွဲ့မှ အသင့်စား သောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်မှ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ရန် ကျန်ရှိသော သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်မှုအား ကူညီဆောင်ရွက်

        စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ရန်ကို မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

          ပန်းတနော်မြို့နယ် ဆန်စက်၊ ကုန်သည်၊ သိုလှောင်ရုံ၊ ဆန်ဆိုင်လုပ်ငန်းရှင်များမှ myroတွင် မှတ်ပုံတင် ဆောင်ရွက်ပြီးလုပ်ငန်း (၄၅)လုံးဆောင်ရွက်ပြီးစီးပြီး ကျန်ရှိသော သိုလှောင်ရုံလုပ်ငန်းရှင်များမှ မှတ်ပုံတင်ရန် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းများ မေးမြန်းဆောင်ရွက်လျက်ရှိရာ ဘဝိုင်းကျေးရွာ၊ ရေလဲစုကျေးရွာမှ သိုလှောင်ရုံ လုပ်ငန်းရှင် ဦးဇော်လင်းရှိန် စပါးတင်း ၂သောင်း သိုလှောင်ထားရှိပြီး  အလျား ၈၀၊ အနံ ၄၀၊ အမြင့် ၁၈ အမိုးသွပ်၊ အခင်းကွန်ကရစ်၊ အကာအုပ် သိုလှောင်မှုအား myro မှတ်ပုံတင်နိုင်ရန် လုပ်ငန်းကို မြိုန့ယ်တာဝန်ခံမှ လုပ်ငန်းရှင်ကိုယ်တိုင်ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး လက်မှတ်ထုတ်ယူနိုင်ရန်အတွက် ငွေပေးချေလုပ်ငန်းစဉ်များကို ရှင်းလင်းပြသပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ကျေးရွာများတွင် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းတို့သည် ခရိုင်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့် အတူ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် တံတားကြီးကျေးရွာအုပ်စုတွင် ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         အဆိုပါစစ်ဆေးမှုတွင် တံတားကြီးကျေးရွာအုပ်စု အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ရောင်းချသည့်အခြေအနေများ၊  ဈေးနှုန်းများပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ အိမ်ထောင်စု တစ်စုလျှင် လစဉ် သတ်မှတ်ဆီထုတ်ယူမှုများကို ကျေးရွာပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်မှ ဆီရောင်းချရာတွင် ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/ မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲ ရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ၉လမ်းဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာ ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့ တို့နှင့် အတူ မအူပင်မြို့၊ ကမ်းနားလမ်းရှိ ၉လမ်းစျေး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ခေါက်ဆွဲဖက်၊ မုန့်ဖက်၊ မျှစ်၊ ပဲပြား၊ ပဲသွေးများတွင် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေးရည်များ ဆိုးဆေးအရောင်များ၊ စိမ်ခြင်း/ထိုးနှံရောင်းချခြင်း ရှိ/ မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်ဖြင့် စစ်ဆေး ခြင်းပြုလုပ် ဆောင်ရွက်ခဲ့ပြီး၊ ဈေးအနီးတွင် ရောင်းချနေသော ဈေးဆိုင်များအား သတ်မှတ်စည်ကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  ၉လမ်း ဈေးအတွင်းရောင်းချနေသော စစ်ဆေးသည့် ကုန်စည်များ သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် အတွက် လုပ်ငန်းသုံးဆီများ စနစ်တကျထုတ်ယူပြီး လုပ်ငန်းရှင်များအား ဖြန့်ဖြူး ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွက် လုပ်ငန်းသုံးဆီရရှိမှုများအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ပြီး ဖေဖော်ဝါရီလအတွက် လုပ်ငန်းသုံးဆီထုတ်ယူနိုင်ရန် မြို့နယ်များမှ စာရင်းကောက်ယူတွက်ချက်၍ တိုင်းဒေသကြီးသို့ လစဉ် တင်ပြဆောင်ရွက်လျက်ရှိပါသည်။  

          မအူပင်မြို့နယ် ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး ဇန်နဝါရီ လအတွက်  ၂ကြိမ် ခွဲတမ်းရရှိပြီး စုစုပေါင်း ခွဲတမ်းရစားသုံးဆီ ပိဿာ(၁၂၃၂၀)ပိဿာနှင့် ပေပါ (၁၁၂)ပေပါ၊ တန် (၂၀.၁၂) တန် ရောက်ရှိမှုအား သတ်မှတ်ရက် အတွက် ဆီရောက်ရှိမှုအပေါ် စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မအူပင်ခရိုင် မြို့နယ်များဖြစ်သော ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များသို့ စနစ်တကျဆောင်ရွက်နိုင်ရန် ခရိုင်အနေဖြင့် လမ်းညွှန်း ဆောင်ရွက်လျက်ရှိပါသည်။

           ဆက်လက်၍ ညောင်တုန်းမြို့နယ်အတွက် ဆီပိဿာ (၁၄၁၉၀)ပိဿာ၊ ပေပါ (၁၂၉) ၊ တန်(၂၃.၁၈) ဇန်နဝါရီလအတွက်း ထုတ်ယူရရှိပြီး စက်မှုလုပ်ငန်းသုံးဆီများကို လျောက်ထားသော လုပ်ငန်းရှင် (၁၁၇)ဦးထံ ဆက်သွယ်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း လုပ်ငန်းရှင်များအား သတ်မှတ်ရက်များတွင် ဆီပေပါများ ထုတ်ယူပြီး စတစ်တကျ သတ်မှတ်ရက်အတွင်း ငွေပေးသွင်း၍ လုပ်ငန်းရှင်များထံ ဆက်သွယ်ဆောင်ရွက်ကာ စနစ်တကျလုပ်ငန်းအသုံးပြုနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး  လုပ်ငန်းရှင်များကိုလည်း လုပ်ငန်းအတွက် အမှန်တကယ် သုံးစွဲရေးနှင့် ပြန်လည်ရောင်းချခြင်းမပြုရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်မှုအရ လစဉ် စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၉.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အရှေ့ပိုင်းရပ်ကွက်  သောက်ရေသန့်အမျိုးမျိုး အ‌ရောင်းဆိုင် ၄ဆိုင် အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ သောက်ရေသန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News