Main menu

HighLight News

Powered by Drupal

မြောင်းမြမြို့နယ် ရွှေပြည်ကျော်  ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ ရွှေပြည်ကျော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

           အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စက်မှုစီမံကိန်းဝန်းအတွင်းရှိ ကွန်ကရစ်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

            ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃၀.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွန်ကရစ်ကျောက်တိုင်များ ထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Power Pillar Co.,Ltd ၏ တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့ဆုံ၍ မြေပြင်၌ အမှန်တကယ် လည်ပတ်ခြင်းရှိ/ မရှိ၊ ကွန်ကရစ်တိုင်များ ထုတ်လုပ်ရာတွင် လိုအပ်သော PC Wire များ အမှန်တကယ်လိုအပ်မှု ရှိ/မရှိ ၊ ကုန်ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဇူလိုင်လ ( ၂၅ )ရက်နေ့ နံနက် (10:30) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆိုင်အရေအတွက် (23)ဆိုင်၊ အစားအသောက် အရေအတွက် (၂၃)မျိုးအား Chemical ပစ္စည်းများပါဝင်မှုရှိ/ မရှိ Formalin ဆေးထည့်ထားမှုရှိ/ မရှိတို့ကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် ဆန်စက်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည်၂၀၂၅ခုနှစ်၊ ဇူလိုင်လ ( ၂၅ )ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ကျောင်းကုန်းမြို့နယ်ဆန်စက်ကြီးများတွင် Gasifier မှ ထွက်ရှိလာသောရေဆိုးများစွန့်ပစ်မှုမရှိစေရေး၊ အနည်စစ်ကန် (Waste Water Treatment Plant) ပြုလုပ်ပုံနည်းစနစ်မှန်ကန်မှု ရှိ/ မရှိနှင့် အနည်စစ်ကန်မှ စက်ဖွဲပြာများကို ကုန်စင်သည့်အထိ အဆင့်ဆင့်စစ်ထုတ်ပြီးမှသာ ရေသန့်များကို စွန့်ထုတ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ရေနှုတ်မြောင်းများ ညစ်ညမ်းမှုမရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Yum Yum Myanmar အသင့်စားခေါက်ဆွဲခြောက်လုပ်ငန်းအား အသိပညာပေးဟောပြောခြင်း

          (၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၁၉၇၊ ၁၉၈၊ ၁၉၉)၊ (၁၀)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum Myanmar အသင့်စားခေါက်ဆွဲခြောက် လုပ်ငန်းစက်ရုံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း ဦးစီးမှူးမှ Yum Yum Myanmar စက်ရုံ မန်နေဂျာနှင့်ဝန်ထမ်း(၁၂)ဦးအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Boss Bar စားသောက်ဆိုင်သို့ အစားအသောက်ဝန်ဆောင်မှုနှင့်ပတ်သက်၍  ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ပါ(၄)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အိအိခိုင်(အမျိုးသမီးကျန်းမာရေး)၊ မြို့နယ်စည်ပင်သာယာအုပ် ချုပ်ရေးဦးစီးဌာနမှ ဦးစန်းမြင့်(ဒုအုပ်ချုပ်ရေးမှူး)တို့လိုက်ပါလျက် (၂၃.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၅၀)နာရီအချိန်တွင် အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် Boss Bar စားသောက်ဆိုင်မှ တာဝန်ခံ ဦးအောင်မြင့်မြတ်ဆိုင်သို့ ရောက်ရှိခဲ့ရာ သန့်ရှင်းသပ်ရပ်မှုကို အဓိကဆောင်ရွက်ထားပြီး အစားအသောက်ချက်ပြုတ်သောနေရာတွင် သန့်ရှင်းသပ်ရပ်မှုရှိခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သားငါးများကို သီးခြားစီခွဲထားပါကြောင်း၊ ဟင်းချက်ရာတွင်လည်း ဝတ်ဆင်ရမည့်အေပရွှန်၊ ခေါင်းစွပ်များကို သေချာစွာဝတ်ဆင်ထားပါကြောင်း၊ မီနူးတွင် ဈေးနှုန်းများမြင်သာအောင် ဖော်ပြထားခြင်း၊ အိုးခွက်ပုဂံများကိုလည်း (၅)ရက် (၁)ခါ ပိုးသတ်ဆေးဖြင့် ဆေးကြောခြင်း၊ အမှိုက်ပုံးများကိုလည်း စနစ်တကျဖုံးအုပ်ထားပါကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အစားအသောက်ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အား ကွင်းဆင်းစစ်ဆေးခြင်း

           (၂၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ပါ(၄)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ(၁)ဦး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးမှ (၁)ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ  သိန်းမေတ္တာ(၁)စားသောက် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် သိန်းမေတ္တာ(၁)ဆိုင်ရှင် ဦးမြင့်ဇော်ဦးဆိုင်သို့ ရောက်ရှိခဲ့ရာ ချက်ပြုတ်သည့်နေရာများ သန့်ရှင်မှုမရှိခြင်း၊ သားငါး၊ ဟင်းသီးဟင်းရွက်များစနစ်တကျထားသိုမှုမရှိခြင်း၊ အမှိုက်ပုံးများ ဖုံးအုပ်မထားခြင်း၊ ဟင်းချက်စဉ် အေပရွှန်၊ ခေါင်းစွပ်တို့ကို မဝတ်ဆင်ထားခြင်း၊ မီးနူး စာရွက်များတွင် ဈေးနှုန်းများရေးထားခြင်း မရှိခြင်းတို့တွေ့ရှိရပြီး မိမိတို့ဌာနမှ အစားအသောက်သည် စားသုံးသူပြည်သူများအား ကျန်းမာရေးကို အဓိကကျသော အချက်ဖြစ်သောကြောင့် သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချရမည်ဖြစ်ကြောင်း၊ အမှိုက်ပုံးများကို စနစ်တကျဖုံးအုပ်ထားရန်၊ ဟင်းချက်စဉ် အသုံးပြုရမည့် ဝတ်စားဆင်ယင်မှုများကိုလည်း ပြုလုပ်ရမှာဖြစ်ကြောင်း ဈေးနှုန်းများကိုလည်း အများမြင်သာသောစာလုံးအရွယ်ဖြင့် ဖော်ပြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

         

Sunkit အချိုရည်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

           (၂၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ ဇေကမ္ဘာဝင်းရှိ Sunkit အချိုရည်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၅၁)၊ (၁၀)လမ်းရှိ Sunkit အချိုရည်စက်ရုံမှ စက်ရုံမှူးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်သူရအောင်၊ အကြီးတန်းစာရေးတို့ ပူးပေါင်းပါဝင်လျက် Sunkit အချိုရည်စက်ရုံမှ ထုတ်လုပ်သော စပါကလင်၊ လိမ္မော်၊ လီမွန်နိတ်၊ စပျစ်တို့တွင် စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၇)၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထပ်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၁၉၇/၁၉၈/၁၉၉)၊ (၁၀)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum စက်ရုံသို့ (၂၂.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးကျော်သူရအောင်မှ ပူးပေါင်းပါဝင်လျက် Yum Yum အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော CHEMAMY၊ CHICKEN၊ SHRIMY၊ TOMYUM တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမွေးမြူရေးဇုန်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

         (၂၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၁၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အဝင် သတ်မှတ်နေရာ၌ တိုက်ကြီးမြို့နယ်မွေးမြူရေးဇုန်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေဿကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဉီးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန ညွှန်ကြားရေးမှူး၊ တိုက်ကြီးခရိုင်/ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်ခွဲတာဝန်ခံ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ မွေးမြူရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ ဉီးဆောင်၍ တက်ရောက်လာကြသောအဖွဲ့ဝင်များနှင့်အတူ ဆိုင်းဘုတ်စိုက်ထူခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖြန်းခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News